17
Thu, Jan
0 New Articles
×
Message
fsockopen(): unable to connect to ssl://query.yahooapis.com:443 (php_network_getaddresses: getaddrinfo failed: Name or service not known)
Top Stories
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
အမျိုးသား ပြတိုက် (နေပြည်တော်) ၏ တည်ဆောက် ပြီးစီးမှု အရ မြန်မာ့ လက်မှု အနုပညာ ပြခန်းနှင့် အာဆီယံ ပြခန်းများကို ယခု ဖေဖော်ဝါရီလ တတိယပတ် နှင့် သီဟာသန ပလ္လင်ပြခန်း နှင့် ကလေးသူငယ် ပညာပေး ပြခန်းများကို မတ်လ ပထမပတ်တွင် အပြီးသတ် ခင်းကျင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
နိုင်ငံတစ်ဝန်း ဓာတ်အားပေး စက်ရုံများမှ တစ်ဆင့် ယခု ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရေအား ၃,၁၈၅ မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ ၁,၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ၁၂၀ မဂ္ဂါဝပ်၊ ဒီဇယ် ၁၀၁ မဂ္ဂါဝပ် တို့ဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၅,၂၃၅ မဂ္ဂါဝပ် ရရှိလာမည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း တို့မှာ လျှပ်စစ် ဓာတ်အား ရရှိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
တတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ကို  Myanmar Convention Center (MCC Hall) ၌ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။
ဟာဘင်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အတွင်းသို့ ဆင်စွယ် ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ မှောင်ခိုသွင်းရန် ကြိုးစားသူ ရုရှား အမျိုးသား တစ်ဦးအား ဖမ်းမိခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ် တရုတ်-ရုရှား နယ်စပ်မြို့ဖြစ်သည့် Suifenhe မြို့ရှိအကောက်ခွန် ဌာန က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) သည် ဇန်နဝါရီလ ၂၇ ရက်က ဗြိတိန်နိုင်ငံ အထက်လွှတ်တော် အမတ် Charles Powell နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ်းလွန် နျူကလီးယား ဓါတ်ပေါင်းဖို အား ပြည့်စုံစိတ်ချရသည့် အချက်အလက်များ နှင့် အညီ တည်ဆောက်ရန် စီစဉ်နေကြောင်း အကြီးတန်း နျူကလီးယား အာဏာပိုင်တစ်ဦးက ဇန်နဝါရီ ၂၇ရက် နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အကောက်ခွန် ဦးစီးဌာနမှ အခွန်အရပ်ရပ် စည်းကြပ် တွက်ချက်မှု အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နေ့စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း အစား အပတ်စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ်၍ ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြစ်ကမ်း၊ အနောက်ကြို့ကုန်း နယ်မြေတွင် ငါးဖမ်း ရေယာဉ်များ ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး ရေချို၊ ရေငန် ငါးကုန်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနိုင်မည့်  ကြို့ကုန်း ငါးတင်/ချ ဆိပ်ခံတံတားနှင့် ငါးလေလံဈေး ဖွင့်ပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၊ လက်ရှိတွင် ရောင်းချ လည်ပတ်နေပြီ ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနရုံး(ရန်ကုန်) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)