အမည်အရင်းအပြည့်အစုံဖြည့်ရန်။
ဖုန်းနံပါတ်တစ်ခုကိုတစ်ကြိမ်သာဖြေဆိုခွင့်ပြုထားပါသည်။
စည်းကမ်းချက် အသေးစိတ်ကို ဖော်ပြပါလင့် ကိုနှိပ်ပြီး ဖတ်ရှူရပါမည်။

စည်းကမ်းချက်အသေးစိတ်



(၁) ပေးထားတဲ့လင့်ခ်ထဲကို ဝင်ပြီး ဖောင်ဖြည့်ပေးရပါမည်။

(၂) ဖောင်ဖြည့်တဲ့အခါမှာ ဖြေဆိုသူရဲ့ နာမည်အရင်း၊ ဖုန်းနံပါတ်အမှန်ဖြစ်ရပါမည်။

(၃) ဖောင်ဖြည့်တဲ့အခါ ဖြေဆိုသူက ဖုန်းနံပါတ် (၁) ခုကို တစ်ကြိမ်သာ အသုံးပြုခွင့်ရှိပြီး ဖုန်းနံပါတ် (၁) ခုတည်းကို အကြိမ်အများကြီးအသုံးပြုထားမယ်ဆိုရင် အဲဒီဖြေဆိုသူကို စာရင်းထဲကနေ အလိုအလျောက် ပယ်ဖျက်သွားပါမည်။

(၄) ဖောင်ဖြည့်ပြီးရင်တော့ Submit ဆိုတဲ့ Button ကို နှိပ်ပြီးပေါ်လာသော ရက်စွဲနဲ့ပုံကို Screenshot လုပ်ပြီးသိမ်းထားရပါမည်။

(၅) ဒီပို့စ်ကို Like and Share လုပ်ပြီး Screenshot ရိုက်ထားပေးရပါမည်။ ဒီပို့စ်အောက်မှာ Screenshot ရိုက်ထားတဲ့ပုံကို ကွန်မန့်ပေးရပါမည်။

(၆) အဖြေမှန်ရှင်းလင်းချက်များနဲ့အတူ အဖြေမှန်သူ (၁၀) ဦးကို နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကြေညာ ပေးပါမည်။ အဖြေမှန်သူတွေက ရိုးရာလေး Chatbox ကို ကြေညာပြီး နှစ်ရက်အတွင်း လာရောက် ဆက်သွယ်ပေးရပါမည်။
(အဖြေမှန်သူတွေက ရိုးရာလေး Chat Box ကို လာရောက် ဆက်သွယ်တဲ့အခါ Submit လုပ်ထားတဲ့ Screenshot နဲ့ အဖြေမှန်သူရဲ့မှတ်ပုံတင်ကို ပြပေးရပါမယ်)

(၇) အဖြေမှန်သူတွေက ကြေညာပြီး နှစ်ရက်နောက်ပိုင်းမှ ဆက်သွယ်ခြင်းသည်းခံပါ။

(၈) ရိုးရာလေး Chat Box ကို အဖြေမှန်တဲ့သူတွေ လာရောက်ဆက်သွယ်ပြီးနောက် တစ်ပတ်အတွင်း ဆုလက်ဆောင်ကို ပေးအပ်သွားပါမည်။

(အဖြေမှန်တဲ့သူ (၁၀) ဦးမကရှိနေရင်တော့ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပါတယ်။ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ဖြေဆိုသူတွေကိုသာ လက်ခံစဉ်းစားသွားမှာဖြစ်ပြီး အငြင်းပွားစရာတွေ ရှိလာရင်တော့ ရိုးရာလေးရဲ့ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်)

- ဖောင်ထဲမှာ လူကြီးမင်းဖြည့်ခဲ့တဲ့ ဖုန်းနံပါတ်ကို ရိုးရာလေးနဲ့ ပတ်သက်တဲ့ Promotion အစီအစဉ်တွေကို အခါအားလျော်စွာ message ပို့ပေးသွားပါမည်။

စည်းကမ်းချက်အသေးစိတ်ကို သေချာဖတ်ပြီး ဖြေဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်နော်။