စည်းကမ်းချက် 

** ယခုပို့စ်ကို Like and Share လုပ်ပြီး Screenshot ရိုက်ထားပေးပါ။

** ပွဲမစမှီ ၁၅ မိနစ်အလို အထိသာ ဖြေဆိုခွင့်ရှိမည်။ ထိုထက် နောက်ကျသော ဖြေဆိုမှုများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

** (၁၃) နှစ်ကျော်သူများသာ ဖြေဆိုခန့်မှန်းခွင့်ရှိပြီး Kpay ၊ Wavepay အကောင့်များ ပြုလုပ်ထားဖို့ လိုပါမယ်။

** နိုင်ငံရပ်ခြားမှ ဘောလုံးပရိသတ်များ ဝင်ရောက်ဖြေဆိုခွင့်ရှိပြီး ဆုရပါက ဖြေဆိုသူ၏ ပြည်တွင်းမှ မိသားစု(သို့) မိတ်ဆွေသူငယ်ချင်းအကောင့်ထဲကို ဆုငွေ ပေးအပ်သွားမှာပါ။

** အဖြေမှန်သူများအနက် ၂ ဦးကို ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ တစ်ဦးလျှင် ငွေ ၂ သောင်းကျပ်စီ ချီးမြှင့်ပေးအပ်သွားပါမည်။

** အဖြေမှန်သူကို ပွဲအပြီး ၂၄ နာရီအတွင်း ကြေညာပေးမည်ဖြစ်ပြီး ၃ ရက်အတွင်း Yoyarlay Chat Box သို့ လာရောက်ဆက်သွယ်ရမည်(အဖြေမှန်သူက ရိုးရာလေး Chat Box ကို လာရောက်ဆက်သွယ်တဲ့အခါ Like and Share လုပ်ထားတဲ့ Screenshot နဲ့ ငွေလွှဲရမည့်အကောင့်နံပါတ်နှင့် အကောင့်အမည် ပေးရမည်)

** သတ်မှတ်ရက်ထက်နောက်ကျပြီးမှ ဆက်သွယ်လာမည်ဆိုပါက ဆုငွေ ရရှိမည် မဟုတ်ပါ။

** ရိုးရာလေး Chat Box ကို အဖြေမှန်သူလာရောက်ဆက်သွယ်ပြီးနောက် တစ်ပတ်အတွင်း ဆုကြေးငွေ ပေးအပ်သွားပါမယ်။

** 16 သင်းအဆင့် ပွဲစဉ်များတွင် မိနစ် (၉၀) ရလဒ်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ပြီး (အချိန်ပို၊ ပင်နယ်တီတွင် အနိုင်ရခြင်းကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ)

** ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများတွင်မူ မိနစ် (၉၀) ရလဒ်ဖြင့် ဆုံးဖြတ်မည်မဟုတ်ဘဲ အချိန်ပို၊ ပင်နယ်တီရလဒ်များကို အတည်ယူကာ ဆုံးဖြတ်မည်ဖြစ်သည်။

** စည်းကမ်းချက်နှင့် ကိုက်ညီသည့် ခန့်မှန်းချက်များကိုသာ လက်ခံစဉ်းစားသွားမည်ဖြစ်ပြီး အငြင်းပွားစရာတွေရှိလာပါက ရိုးရာလေးမိသားစု၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

အနိုင်ရရှိသူများနှင့် Winner ရွေးချယ်ပုံကို အောက်ပါ Link မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။ =>
Check Winners List & How To Pick Them!

Team (ရိုးရာလေး)