17
Fri, Aug
0 New Articles

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ထုထည်ကြီးမားလှသည့် နှင်းမုန်တိုင်းကြီးသည် အမေရိကန် အရှေ့ဘက်ခြမ်းသို့ အပြင်းအထန် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အရှေ့ဘက်ခြမ်းတလျှောက်ရှိ မြို့များ၏ လုပ်ငန်းဆောင်ရွက်မှုများ အားလုံး ရပ်တန့်ခဲ့ရသလို လူပေါင်း အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး နှင်းထုများမှာလည်း လမ်းများနှင့် လေဆိပ်များ၌ သောင်တင်နေခဲ့ ကြောင်း သိရသည်။

ဗန်ကူးဗား၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်ဖက် Saskatchewan ပြည်နယ် တွင် ဇန်နဝါရီလ ၂၂ရက်က ဖြစ်ပွားခဲ့သည့် ကနေဒါ စာသင်ကျောင်း တစ်ခုအတွင်း သေနတ် ပစ်ခတ်မှု တစ်ရပ်၌ လူ ငါးဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြောကြားခဲ့သည်။

နယူးယောက်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် ရော့ခ် ဂီတ Band တစ်ခုဖြစ်သည့် The Eagles အားတည်ထောင်သူ အဖွဲ့ဝင် အသက် ၆၇ နှစ် အရွယ် ဂလန်းဖရေး (Glenn Frey) သည် ၎င်း၏ ဖျားနာဝေဒနာဖြင့်ပင် နယူးယောက်စီးတီး၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း Band ၏ ဝက်ဘ်ဆိုဒ်မှာ ကြေညာထားသည်။

ဝါရှင်တန်၊ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ အိုဘားမား သည် ဇန်နဝါရီလ ၁၆ ရက်က အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် အပေါ် ပိတ်ဆို့မှု များ ဖြေလျှော့ပေးပြီးနောက်  ဇန်နဝါရီလ ၁၇ ရက်တွင် အမေရိကန်နိုင်ငံ သည်  အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံး အစီအစဉ်နှင့် ပတ်သက်၍ ပိတ်ဆို့မှု အသစ်များ ကြေညာခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ဇန်နဝါရီလ ၁၇ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား သည် အီရန်နိုင်ငံ အပေါ် ၄င်း၏ နျူကလီးယား စီမံကိန်း နှင့် ပတ်သက်၍ ပိတ်ဆို့မှု များအား လျှော့ချပေးသည့် အမိန့်စာတမ်းကို ဇန်နဝါရီလ ၁၆ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော် ကပြောကြားခဲ့သည်။

လော့စ်အန်ဂျလိစ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် မရိန်းတပ်ဖွဲ့ ရဟတ်ယာဉ် နှစ်စီးသည် တစ်စီးနှင့် တစ်စီး တိုက်မိပြီးနောက် ဟာဝိုင်အီ ကမ်းခြေရှိ Oahu ကျွန်း၏ မြောက်ပိုင်း ကမ်းခြေ၌ ဇန်နဝါရီလ ၁၄ ရက် ညက ပျက်ကျခဲ့ကြောင်း ဒေသခံ သတင်း မီဒီယာ တစ်ခုက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အနောက် မြောက်ပိုင်း ဆီနာလိုအာ ပြည်နယ်ရှိ လော့စ်မိုးချိစ် မြို့တွင် ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်း၌ မက္ကဆီကို ရဲတပ်ဖွဲ့နှင့် မရိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စီးနင်းမှု တစ်ခု ပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ခြောက်လက ဒုတိယအကြိမ် ထောင်ဖောက် ထွက်ပြေးခဲ့သည့် ဆီနာလိုအာ မူးယစ် ဂိုဏ်းခေါင်းဆောင် အယ်လ်ချာပို ဂတ်စ်မန်း အား ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဟို့စ်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရားဝင် ခရက်ဒစ်ကတ် ၁,၄၉၇ ခုကိုင်ဆောင်ထားပြီး ခရက်ဒစ် အမေရိကန်ဒေါ်လာ ၁.၇ သန်း ရှိကာ ၁၉၇၁ ခုနှစ်ကတည်းက ဂင်းနစ်စာအုပ်တွင် ပါရှိပြီး ဖြစ်သည့် Walter Cavanagh သည် လက်ရှိ၌ ခရက်ဒစ်ကတ် အ များဆုံး နှင့် ၎င်းတို့ကို ထည့်ရာ အရှည်ဆုံး ပိုက်ဆံအိတ် ပိုင်ဆိုင်သည့်အတွက် “Mr. Plastic Fantastic” အဖြစ် မှတ်တမ်းဝင် သွားကြောင်း သိရသည်။

ဝါရှင်တန် ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက လက်နက် ကိုင်ဆောင်မှု ထိန်းချုပ်ရေး ပဏာမ လုပ်ဆောင်မှု အား လာမည့် ရက်အတွင်း ကြေညာမည် ဖြစ်ကြောင်းနှင့် ယင်းသည် အခြေခံဥပဒေ အရ လက်နက်ကိုင်ဆောင် နိုင်မှု အခွင့်အရေးနှင့် ကိုက်ညီမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်က ပြောကြားခဲ့သည်။

မက္ကဆီကို စီးတီး၊ ဇန်နဝါရီလ ၃ရက် (ဆင်ဟွာ)

မကြာသေးခင် က ရွေးကောက်ခံထားရသည့် မက္ကဆီကို မြို့တော်ဝန်အသစ် သည် တာဝန်လွှဲပြောင်း ရယူပြီး ၂၄ နာရီ မပြည့်ခင်မှာပင် ဇန်နဝါရီလ ၂ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Page 1 of 3