19
Fri, Oct
0 New Articles

ရီယို ဒီ ဂျန်နိုင်ရို၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံရှိ ကလေးလုပ်သား ဦးရေသည် ၂၀၀၄ ခုနှစ်တွင် ၅ သန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၂.၈ သန်း အထိ ကျဆင်းလာခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၄၃ % ကျဆင်း ခဲ့ကြောင်း အစိုးရက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကြေညာ ခဲ့သည်။

ပနားမား၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပနားမား တူးမြောင်း အာဏာပိုင် (ACP) များက ဇန်နဝါရီလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် ဖြစ်ပေါ်လာသည့် လမ်းကြောင်း ကျပ်တည်းမှုများအား ပုံမှန် ဖြစ်စေရန် လုပ်ဆောင်လျက် ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

ရီယိုဒီဂျန်နိုင်ရို၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Recife မြို့ ရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၀၀ ကျော် ထောင်ဖောက်ပြေးမှု ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အကျဉ်းသားနှစ်ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

ကာရာကာ့စ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အတွက် ဗင်နီဇွဲလား အစိုးရသည် ရက် ၆၀ စီးပွားရေး ဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအား ဇန်နဝါရီလ ၁၅ ရက်၌ ကြေညာလိုက်ကြောင်း သိရသည်။

ရီယို ဒီ ဂျန်နိုင်ရို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီး အကျဉ်းသား စုစုပေါင်း ၂,၂၄၉ ယောက်သည် နှစ်သစ်ကူး ပွဲတော်များတွင် ဆင်နွှဲနိုင်ရန် အတွက် အာမခံဖြင့် ခေတ္တအပြင် ထွက်ခွာခွင့် ပေးပြီးနောက် အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် အွန်လိုင်း မီဒီယာ G1 ၏ ဖော်ပြချက်အရ သိရသည်။

ဟာဗားနား၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ဂျာမနီ စီးပွားရေး ဆိုင်ရာ ရုံးတည်ထောင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဂျာမနီနှင့် ကျူးဘား နိုင်ငံတို့က ဇန်နဝါရီလ ၇ ရက်က ကြေညာခဲ့သည်။

စန်တီယာဂို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာ အပေါက်သည် တဖြည်းဖြည်း ကြီးလာပြီး စံချိန်တင် အရွယ်အစားသို့ ရောက်ရှိလာကြောင်း ချီလီ သိပ္ပံပညာရှင်များက ဒီဇင်ဘာလ ၂၉ ရက်က ပြောကြားခဲ့သည်။

ဗျူနိုအေရီးစ် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်း၊ ဆော်လ်တာ ပြည်နယ်တွင်  ဒေသစံတော်ချိန်  ဒီဇင်ဘာ ၁၄ ရက်နေ့က ခရီးသည် အပြည့် တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် အလွန်နက်သော ချောက်တစ်ခုအတွင်းသို့ ထိုးကျသွား သဖြင့် လူပေါင်း ၄၁ ဦး သေဆုံး ခဲ့ရကြောင်းသိရသည်။

ကိုလံဘီယာ၊ ဒီဇင်ဘာလ ၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာရေတပ် နှင့် သိပ္ပံပညာရှင်များသည် နှစ်ပေါင်း ၃၁၇  နှစ်သက်တမ်းရှိ မြောက်မြားစွာသော ရတနာများ နှင့်အတူ နှစ်မြုပ်နေသည့် ရှေးဟောင်း သင်္ဘောပျက်အား မကြာသေးမီက ရှာဖွေတွေ့ ရှိခဲ့ကြောင်း ကိုလံဘီယာ အစိုးရက ဘိုဂိုတာတွင် ဒီဇင်ဘာလ ၅ ရက်နေ့က အတည်ပြု ခဲ့ကြောင်းသိရသည်။

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန် အဆိုတော် မာရိုင်ယန် ကယ်ရီ (Mariah Carey) သည် တစ်ညတာ ဖျော်ဖြေ တင်ဆက် မှုတစ်ရပ်မှ အမေရိကန် ဒေါ်လာ ၂ သန်းမှ ၅ သန်းကြား ဝင်ငွေ ရရှိမည် ဖြစ်ကြောင်း သိရသည်။

Page 1 of 2