10
Mon, Dec
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

တစ်လအတွင်း မက်ဆီဒိုနီးယား နယ်စပ် ဖြတ်ကျော်သည့် ရွှေ့ပြောင်း သွားလာသူပေါင်း ၅၀,၀၀၀ ကျော်ရှိ

ဥရောပတိုက်သို့ အလုံးအရင်းနှင့် ဝင်ရောက်လာသော ရွှေ့ပြောင်းသွားလာသူများကို တွေ့ရှိရစဉ် (ဆင်ဟွာ) Europe

စကိုပီယာ (SKOPJE)၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်၏ ပထမလ အတွင်း ဥရောပကို ဝင်ရောက်ရန် မက်ဆီဒိုနီးယား နယ်စပ်ကို ဖြတ်ကျော် သွားသည့် ရွှေ့ပြောင်း သွားလာ ဒုက္ခသည် ဦးရေ ၅၃,၄၃၄ ဦး ရှိကြောင်း မက်ဆီ ဒိုနီးယား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက ဇန်နဝါရီလ ၃၁ ရက်က ကြေညာ လိုက်သည်။

၎င်းဒုက္ခသည်များမှာ ဆီးရီးယားက ၂၆,၄၉၀ ဦး၊ အာဖဂန်က ၁၆,၈၉၇ ဦးနှင့် အီရတ်က ၁၀,၀၄၇ ဦးတို့ ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာန စာရင်းအရ သိရသည်။လွန်ခဲ့သော ၂၄ နာရီ အတွင်း နိုင်ငံခြားသား ခိုလှုံခွင့် တောင်းခံလာသည့် သက်သေခံ လက်မှတ် ၉၃၁ ခုအား ထုတ်ပေးခဲ့ပြီးကြောင်း ဝန်ကြီးဋ္ဌာနက ပြောကြားလိုက်သည်။

ထို ခိုလှုံခွင့် ရရှိသူများတွင် အာဖဂန်က ၃၅၁ ဦး၊ ဆီးရီးယားက ၂၉၇ ဦးနှင့် အီရတ်က ၂၈၃ ဦးတို့ ဖြစ်သည်။

ရွှေ့ပြောင်း သွားလာသူများနှင့် ဒုက္ခသည်များသည် လွန်ခဲ့သော လများအတွင်း မက်ဆီဒိုနီးယား၊ ဆာဗီးယားနှင့် ဟန်ဂေရီ နိုင်ငံများအား ဖြတ်သန်း၍ ဥရောပ ပတ်စ်ပို့ ကင်းမဲ့ဇုန် ဖြစ်သည့် Schengen ဇုန်သို့ ဝင်ရောက်ခဲ့ ကြသည်။  (Xinhua)