22
Sun, Jul
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

လက်နက် ကိုင်ဆောင်ထားသူအား ပဲရစ် Disneyland ၌ ဖမ်းမိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Disneyland ဟော်တယ် အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

ပဲရစ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Disneyland ဟော်တယ် အဝင်ပေါက်ဝတွင် လက်နက် ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦးအား ဇန်နဝါရီလ ၂၈ ရက်က ဖမ်းမိခဲ့ကြောင်း ရဲ အရင်းအမြစ် တစ်ခုကို ကိုးကား၍ Le Figaro သတင်းဌာနက ဇန်နဝါရီလ ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

Le Figaro သတင်းဌာန၏ ဖော်ပြချက်အရ  လက်နက် ကိုင်ဆောင်ထားသူအား လုံခြုံရေး စစ်ဆေးရေး ဂိတ်ကို ဖြတ်သန်းစဉ် ဟော်တယ် လုံခြုံရေး ဝန်ထမ်းများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၄င်းထံမှ အသေးစား သေနတ် ၂ လက် နှင့် ၇.၆၅ mm ကျည်ဘူး တစ်ဘူးကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

၎င်းသည် ပဲရစ်မြို့၌ နေထိုင်သူ တစ်ဦး ဖြစ်သော်လည်း ထောက်လှမ်းရေး ဖက်တွင် မှတ်တမ်းရှိသူ တစ်ယောက် မဟုတ်ကြောင်း သိရသည်။  (Xinhua)