21
Sun, Oct
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ဗြိတိန်နိုင်ငံ မြောက်ပိုင်းရှိ စာသင်ကျောင်း ၁၄ ခုတွင် ဗုံးလန့်မှု ဖြစ်ပွား

ဗြိတိန်နိုင်ငံရှိ ဗုံးလန့်မှုဖြစ်ပွားသော စာသင်ကျောင်းတစ်ကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Europe

လန်ဒန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ တစ်လျှောက်ရှိ စာသင်ကျောင်း ၁၄ ခုတွင် ဗုံးလန့်မှု ဖြစ်ပွားခဲ့သောကြောင့် ကျောင်းသား ဦးရေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း BBC သတင်းဌာနက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံ အလယ်ပိုင်း အနောက်ဖက် ဒေသရှိ စာသင်ကျောင်း ခြောက်ကျောင်း၊ လန်ဒန်မြို့ရှိ စာသင်ကျောင်း လေးကျောင်း နှင့် Cornwall စီရင်စု အနောက်တောင်ပိုင်းရှိ စာသင်ကျောင်း လေးကျောင်းတွင် ဇန်နဝါရီလ ၂၆ ရက်က ဗုံးလန့်မှု ဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းရေး လုပ်ငန်းများကို လုပ်ဆောင် ပေးခဲ့ရကြောင်း သိရသည်။

အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲကောင်စီ၏ ပြောရေး ဆိုခွင့်ရှိသူက ယခု အခြေအနေတွင် အဆိုပါ ဖြစ်ရပ်သည် အကြမ်းဖက်မှု တစ်စုံတစ်ရာနှင့် ပတ်သက်ကြောင်း ပြောကြားနိုင်ရန် အချက်အလက် မရရှိသေးသော်လည်း စုံစမ်းစစ်ဆေးမှု များအား ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)