18
Sun, Nov
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ပြင်သစ် နိုင်ငံ သမ္မတ က ဆီးရီးယားတွင် ဗြိတိန်၏ လေကြောင်း စစ်ဆင်မှုအား ကြိုဆို

ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ အားတွေ့ရစဉ် (ဆင်ဟွာ) Europe

ပဲရစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ ( Francois Hollande ) က ဆီးရီးယားရှိ IS အကြမ်းဖက် အဖွဲ့များ အား ပစ်မှတ်ထား တိုက်ခိုက်ရန် အတွက် ဗြိတိန် နိုင်ငံမှ လေကြောင်း တိုက်ခိုက်မှု အား ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် တိုက်ဖျက်ရေး မဟာမိတ် အဖွဲ့ အတွက် ၄င်း၏ တောင်းဆိုမှုကို တုန့်ပြန်သည့် စည်းလုံး ညီညွတ်မှု သင်္ကေတ အဖြစ် ကြိုဆိုပါကြောင်း ဒီဇင်ဘာလ ၃ ရက်က ပြောကြား ခဲ့သည်။

ဟော်လန်ဒီ က ဗြိတိန် အောက်လွှတ်တော် အတွင်း အများစု မဲခွဲ ဆုံးဖြတ်ပြီး မကြာမီ ဆီးရီးယား ၌ ဗြိတိန် ပထမဆုံး လေကြောင်း စစ်ဆင်ရေး ပြုလုပ်မှု အား ကြိုဆိုပါကြောင်း အယ်လီဆီး (Elysee) ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ က ပြင်သစ် ဥပဒေပြု အမတ်များမှ ဆီးရီးယားတွင် ပြင်သစ်၊ အမေရိကန်တို့ နှင့် အတူ IS အကြမ်းဖက် အုပ်စုအား ဗုံးကြဲ တိုက်ခိုက်ရန် အတည်ပြု ပေးခဲ့ကြောင်း သိရသည်။ ဆိုက်ပရပ် အခြေစိုက် စခန်းမှ ဗြိတိန် ဂျက်တိုက်လေယာဉ် များသည် ဒီဇင်ဘာလ  ၃ ရက်နေ့ အစောပိုင်း၌ ဆီးရီးယားရှိ IS အကြမ်း ဖက်အဖွဲ့ အား ပစ်မှတ်ထား တိုက်ခိုက်ရန် ထွက်ခွာသွားကြောင်း သိရသည်။

နိုဝင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဟော်လန်ဒီ က နိုင်ငံရေး မတည်ငြိမ် မှုများကြောင့် အကြမ်းဖက် အုပ်စုများ ပိုမို များပြားလာသည့် အာရပ် ဒေသတွင်း စစ်သွေးကြွများ ပပျောက်ရေး နှင့် အကြမ်းဖက်မှုများအား ကိုင်တွယ် ဖြေရှင်းရန် ဥရောပ မိတ်ဖက်များအား စုစည်းကြရေး  တောင်းဆို ပြောကြားခဲ့ကြောင်း သိရသည်။

ပြင်သစ် နိုင်ငံ သမ္မတက ယခု ကြုံတွေ့နေရသော ရန်သူသည် ပြင်သစ်နိုင်ငံ တစ်ခုတည်း၏ ရန်သူ မဟုတ်ဘဲ ဥရောပ တစ်ခုလုံး၏ ဘုံရန်သူ ဖြစ်ကြောင်း နှင့် လူတိုင်းသည် ၄င်းတို့၏ လုပ်ရပ်များ နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း ဥပဒေပြု အမတ်များအား နိုဝင်ဘာလ က ဗာဆိုင်း နန်းတော်တွင် ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)