24
Mon, Sep
0 New Articles

စကိုပီယာ (SKOPJE)၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်၏ ပထမလ အတွင်း ဥရောပကို ဝင်ရောက်ရန် မက်ဆီဒိုနီးယား နယ်စပ်ကို ဖြတ်ကျော် သွားသည့် ရွှေ့ပြောင်း သွားလာ ဒုက္ခသည် ဦးရေ ၅၃,၄၃၄ ဦး ရှိကြောင်း မက်ဆီ ဒိုနီးယား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက ဇန်နဝါရီလ ၃၁ ရက်က ကြေညာ လိုက်သည်။

လူဘီအာနာ (LJUBLJANA)၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဆလိုဗေးနီးယားနိုင်ငံ အနောက်ပိုင်းတွင် ဇန်နဝါရီလ ၃၀ ရက်က အစုလိုက်အပြုံလိုက် ယာဉ်ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့ရာ လူ လေးဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆလိုဗေးနီးယား သမိုင်းတလျှောက် အဆိုးဝါး ဆုံး ယာဉ်တိုက်မှုဖြစ်ကြောင်း သိရသည်။

အန်ကာရာ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဇန်နဝါရီလ ၃၀ ရက် နှောင်းပိုင်းက တူရကီ လေကြောင်းနယ်နိမိတ် အတွင်းသို့ ရုရှား တိုက်လေယာဉ် SU-34 ကျူး ကျော်ဝင်ရောက်မှု နှင့် ပတ်သက်၍ တူရကီနိုင်ငံခြားရေး ဝန်ကြီးက ရုရှား သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာနက ပြောကြားခဲ့သည်။

ပဲရစ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Disneyland ဟော်တယ် အဝင်ပေါက်ဝတွင် လက်နက် ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦးအား ဇန်နဝါရီလ ၂၈ ရက်က ဖမ်းမိခဲ့ကြောင်း ရဲ အရင်းအမြစ် တစ်ခုကို ကိုးကား၍ Le Figaro သတင်းဌာနက ဇန်နဝါရီလ ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လန်ဒန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ တစ်လျှောက်ရှိ စာသင်ကျောင်း ၁၄ ခုတွင် ဗုံးလန့်မှု ဖြစ်ပွားခဲ့သောကြောင့် ကျောင်းသား ဦးရေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း BBC သတင်းဌာနက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လစ်ဘွန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ သမ္မတ ရွေးကောက်ပွဲ ၌ ဗဟို-လက်ယာယိမ်း ပါတီ Social Democratic Party (SDP) ၏ ကိုယ်စား လှယ်လောင်း ရက်ဗလိုဒီဆီးဇာက အနိုင်ရရှိကြောင်း ဇန်နဝါရီလ ၂၄ ရက် မဲရလဒ်များ အကြိုရေ တွက်ချက် အရ သိရသည်။

လန်ဒန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွင် မှော်ဆရာ ဆီးဗရက်စ် စနိပ် (Severus Snape) အဖြစ် သရုပ် ဆောင်ခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသားကြီး အယ်လန် ရစ်ခ်မန်းသည် အသက် ၆၉ နှစ်အရွယ်၌ ကွယ်လွန် ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အီလက်ထရောနစ် ကုမ္ပဏီ Parrot မှ မည်သည့် အပင်မဆို ရှင်သန်အောင် စိုက်ပျိုးနိုင်သည့် စမတ် ပန်းအိုးအား လွန်ခဲ့သည့် အပတ်က စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

လော့စ်အိန်ဂျလစ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၇၃ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆု ရုပ်ရှင်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် “The Revenant” ဇာတ်ကားက အကောင်းဆုံး ဒရာမာ ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုများ ဆွတ်ခူး နိုင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု အများဆုံး ပိုင်ရှင် ဖြစ်လာသည်။

ဝေးလ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၊ ဝေးလ်ပြည်နယ်၊ ပန်ဘရုတ်ရှိုင်းယား စီရင်စု အတွင်း၌ တည်ရှိသော Folly Farm တိရစ္ဆာန်ရုံတွင် ဇူလူး အမည်ရှိသော သစ်ကုလားအုတ်သည် အမြင့် ၁၉ ပေရှိကာ အခြားသော တိရစ္ဆာန်များထက် ပိုမို မြင့်မားပြီး အရွယ်အစား ကြီးမားကြောင်း သိရသည်။

Page 1 of 5