22
Sun, Jul
0 New Articles

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းမြို့ အကောက်ခွန်ဌာန က လွန့်ခဲ့သည့်နှစ်၏ နိုဝင်ဘာလ တွင် မျိုးတုန်းမည့် အန္တရာယ် ရှိနေသည့် လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖြစ်စဉ်သည် ရှန်ဟိုင်းမြို့တွင် အကြီးဆုံးသော တရားမဝင် လိပ် မှောင်ခိုသွင်းမှု တစ်ရပ်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ရက်နေ့ကပြောကြားခဲ့သည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် သမ္မတ၏ အမှုဆောင်အရာရှိချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာသည် ငါးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရှိ Uttar Pradesh ပြည်နယ် မှ အပါနား ကူးမား အမည်ရှိ အမျိုးသမီး ရဲအရာရှိတစ်ဦး သည် အန္တာတိကတိုက်တွင် အမြင့်ဆုံး တောင်တစ်လုံး ဖြစ်သည့် Vinson Massif တောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ကြောင်း Indo-Asian သတင်းဌာန က ဇန်နဝါရီလ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ကူမင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၁၆ ခုနှစ်တွင် မဲခေါင်မြစ် အတွင်း ပထမဆုံး ပူးတွဲကင်းလှည့် ခြင်းအား ဇန်နဝါရီလ ၂၆ ရက် နံနက်က စတင်ကြောင်းနှင့် ပြစ်မှုဆိုင်ရာ မှုခင်း လှုပ်ရှားမှုများအား စောင့်ကြပ် သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘန်ကောက်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက မားစ် (Middle East Respiratory Syndrome= MERS) ရောဂါ ကူးစက်ခံရသည့် ဒုတိယမြောက် လူနာအား ရှာဖွေတွေ့ရှိကြောင်း ဇန်နဝါရီလ ၂၄ ရက် အတည်ပြု ကြေညာလိုက်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မဲခေါင်မြစ် အထက်ပိုင်းတွင် ကုန်သွယ်ရေကြောင်း သွားလာရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ရေကြောင်း သွားလာရေး လုံခြုံ ချောမွေ့မှု ၊ မြစ်ဝှမ်း ဒေသရှိ မြန်မာ ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ အကြား သဘာဝ ပတ်ဝန်းကျင်အား မထိခိုက်စေဘဲ ကုန်စည်နှင့် ခရီးသည် သယ်ယူ ပို့ဆောင်မှု တို့အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း (၁၄) ကြိမ်မြောက် ပြုလုပ်ခဲ့သည့် လေးနိုင်ငံ ပူးတွဲ ညှိနှိုင်း ကော်မတီ အစည်းအဝေးမှ သိရသည်။

နယူးဒေလီ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိုင်အက်စ်များနှင့် ချိတ်ဆက်မှုရှိပြီး အိန္ဒိယနိုင်ငံမြို့တော်အား တိုက်ခိုက်ရန် စီစဉ်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသား ၄ ဦးအား ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၁ ရက်၌ ပြောကြားလိုက်သည်။

ဒမားစကတ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်ရှိ ကျေးလက်ဒေသအတွင်းက အိုင်အက်စ် အဖွဲ့က ပြန်ပေး ဆွဲထားသည့် လူ ၄၀၀ ထဲမှ ၂၇၀ အား ပြန်လည်လွှတ်ပေးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီလ ၂၀ ရက်က ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ချာဆတ်ဒါ ခရိုင်ရှိ တက္ကသိုလ် တစ်ခုအား အမည်မသိ သေနတ်သမားများ ဇန်နဝါရီလ ၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ဆေးရုံ သတင်းရင်း မြစ်များထံမှ သိရသည်။

နယူးဒေလီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အခြေခံဥပဒေ ပြဋ္ဌာန်းသည့်နေ့ အခမ်းအနား ကျင်းပမည့် အချိန်အတောအတွင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရသဖြင့် လုံခြုံရေး အဆင့်အမြင့်ဆုံးအဖြစ် သတ်မှတ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။