17
Fri, Aug
0 New Articles

အဘူဂျာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် မြို့တော် မိုင်ဒူဂူရီအနီး လူအုပ်ထဲသို့ အသေခံ ဗုံးဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၆၉ ဦး သေဆုံးခဲ့ကြောင်း အစိုးရ ဆေးရုံ သတင်းရင်းမြစ်က ဇန်နဝါရီလ ၃၁ ရက်က ပြောသည်။

ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် တောင်ပိုင်းရှိ ရှီးယိုက်ဒေသ တွင် ဇန်နဝါရီလ ၃၁ ရက်က ဗုံး သုံးလုံး ပေါက်ကွဲမှုကြောင့် လူ ၇၆ ဦးကျော် သေဆုံးခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့က ယင်းဖောက်ခွဲမှု အား ၄င်းတို့ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် အနီး ဂီဇာပြည်နယ်တွင် အကြမ်းဖက်သမားများ ပုန်းအောင်းနေရာ တစ်ခုကို လုံခြုံရေး တပ်များ ဇန်နဝါရီလ ၂၁ ရက် ညနေပိုင်းက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ရဲ ၇ ဦးအပါအဝင် လူပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် Ahram အွန်လိုင်း သတင်းဋ္ဌာနက တင်ပြထားသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အိမ်ဖြူတော်က ပျောက်ဆုံးနေသည့် FBI အေးဂျင့်ဟောင်း Robert Levinson သည် အီရန်နိုင်ငံ၌ မရှိတော့သည်ကို အမေရိကန် အနေဖြင့် ယုံကြည်ရန် အကြောင်းပြချက်ရှိပါကြောင်း ဇန်နဝါရီလ ၁၉ရက်နေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မိုးခေါင် ရာသီဥတု ရှည်ကြာမှုကြောင့် တောင်အာဖရိကရှိ လူဦးရေ ၁၄ သန်းသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင် နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကတွက်ချက်ထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၈ ရက်က ပြောသည်။

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် အမေရိကန် နိုင်ငံသား ၃ ဦးအား အမည်မသိ သေနတ်များက ပြန်ပေးဆွဲခဲ့ကြောင်း အီရတ် သတင်းဌာနက ဇန်နဝါရီလ ၁၇ ရက်က သတင်းတင်ပြထားသည်။

အော်ဂါဒိုဂူ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဘာ့ကီးနား ဖာဆို မြို့တော် အော်ဂါဒိုဂူရှိ ဟိုတယ် တစ်ခုအား အယ်လ်ကိုင်းဒါး အဖွဲ့ဝင်များ၏ ဇန်နဝါရီလ ၁၅ ရက်က တိုက်ခိုက်မှု တစ်ခုတွင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီလ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေး သိပံ္ပပညာရှင်များ အသစ် တီထွင်ထုတ်လုပ်လိုက်သည့် စမတ်ခရီးဆောင်အိတ် သည် သာမန် ခရီးဆောင်အိတ် အမျိုးအစား များထဲမှခွဲထွက်ကာ လက်ဖြင့် ဆွဲကိုင်သွားရန် မလိုတော့ဘဲ ခရီးသည်နှင့်အတူ အလိုအလျောက် လိုက်ပါနိုင်ကြောင်း သိရှိရသည်။

အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

အစ္စတန်ဘူလ် နှင့် အက်ဒါနာပြည်နယ် တောင်ပိုင်းတွင် အိုင်အက်စ် (IS) အဖွဲ့ဝင်ဟု ယူဆရသူ ၃၃ ဦးအား တူရကီ ရဲများက ထိန်းသိမ်းထားကြောင်း ပြည်တွင်း ဒိုဂန် သတင်း အေဂျင်စီက ဇန်နဝါရီလ ၁၀ ရက် (တနင်္ဂနွေနေ့) က ပြောခဲ့သည်။

ထရီပိုလီ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ အရှေ့ပိုင်းရှိ စစ်သင်တန်းကျောင်း တစ်ခုတွင် ဇန်နဝါရီလ ၇ ရက်က ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ လုံခြုံရေး သတင်း ရင်းမြစ်များအရ သိရသည်။

Page 1 of 4