18
Sun, Nov
0 New Articles

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်မှုကြောင့် ၂၀၀၇ခုနှစ်မှ ၂၀၁၅ခုနှစ် ၈နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံတွင်းသို့ လူကုန်ကူးမှု ၁၉၄မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရသိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်မှုကြောင့် ၂၀၀၇ခုနှစ်မှ ၂၀၁၅ခုနှစ် ၈နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံတွင်းသို့ လူကုန်ကူးမှု ၁၉၄မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရသိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံရှိ ကူမင်းမြို့  ၊ တာ့လီမြို့  ၊ ပေကျင်း မြို့ များသို့ လေ့လာရန် တာ့လီချုံစိန်  ဘုရားကျောင်းမှ ဖိတ်ကြားချက်အရ  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင့် အဖွဲ့ သည် ဒီဇင်ဘာ ၂၁ ရက်မှ ၂၉ ရက် အထိ ကြွရောက်မည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် အစိုးရ၏ မြန်မာ နိုင်ငံရေဘေး နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အပံ့ ပစ္စည်းများ ပေးအပ် ခြင်းအခမ်းအနားကို  ဒီဇင်ဘာ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် တို့တက်ရောက်ခဲ့ကြသည်။

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အဓိက ပင်မ မြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို ရေရှည် ထိန်းသိမ်း ကာကွယ်ရေး အတွက် တရုတ် ဆည်မြောင်း ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နှစ်စဉ် ရေကြီးရေလျှံမှု ဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေဘေးဒဏ်မှ ကာကွယ်ရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ယွမ် သန်း ၉၀၀ ကူညီပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ပြောကြားသည်။