25
Fri, May
0 New Articles

နေပြည်တော် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဘက်ပေါင်းစုံမှ ကူညီမှုများ ဆောင်ရွက် ပေးနေသည့်အပြင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အဖွဲ့ အစည်း အားလုံး တက်တက်ကြွကြွ ပါဝင်လာနိုင်ရန် မျှော်လင့်ပါကြောင်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်လာသော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး မစ္စတာ ဆွန်ကော်ရှန်း က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည့် သမ္မတ ရှီကျင့်ဖိန် ၊ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ က ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာအရ ကျင်းပမည့် ရှစ်ကြိမ်မြောက် မြန်မာ-တရုတ်လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

နေပြည်တော်  ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ အထူးသံတမန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် အနေဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့ မှ ၅ ရက်နေ့ အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ ဆုံ ဆွေးနွေးခဲ့သည်။

နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲပါစေ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ အဖော်ကောင်း၊ ညီရင်းအစ်ကိုကောင်း အဖြစ် ဆက်လက် ရှိနေမည်ဟု တရုတ်နိုင်ငံ အစိုးရ အထူး သံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (H.E. Mr. Liu Zhenmin) က ၄င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဒီဇင်ဘာလ ၅ ရက်တွင် နေပြည်တော်၌ သတင်း မီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ အထူးသံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင် H.E.Mr. Liu Zhenminတို့ ဒီဇင်ဘာလ ၅ ရက်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုအတွက် စီမံခန့်ခွဲမှု၊ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ပိုင် မီဒီယာ မြဝတီမှ ထုတ်ပြန်သည်။

နေပြည်တော် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင်  (H.E.Mr. Liu Zhenmin , Special Envoy of the Chinese Government and Deputy Minister of Foreign Affairs of China) နှင့် အဖွဲ့ ဝင်များသည် ယနေ့ ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ တစ်နာရီကျော်ကြာ တွေ့ ဆုံ ဆွေးနွေး ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနန် စစ်ဒေသမှူး Major General Yang Guangyue (ယန်ဂွမ်းရယ်) တို့ တွေ့ဆုံကာ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေသည် စိုးရိမ် ပူပန်စရာမရှိဘဲ ပိုမို ကောင်းမွန်လာ နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံ မေးမြန်းမှုတွင် ပြောကြားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် တို့သည် ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အဆောင်အမှတ် I-12  ၌ တွေ့ ဆုံခဲ့သည်။  (Xinhua)

Page 1 of 2