IU ရဲ့ ကလေးဘဝအရွယ်တုန်းက ပုံများထွက်ပေါ်

ပရိသတ်တွေက သူတို့အကြိုက်ဆုံးသရုပ်ဆောင်ရဲ့ငယ်ဘဝအကြောင်းလေးတွေကို သိခွင့်ရတာကို မြတ်နိုးကြပါတယ်။

IU ကလည်း ပရိသတ်တွေအကြိုက်တွေ့မယ့် သူမရဲ့ကလေးဘဝအရွယ်က ပုံ ၂ ပုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။

IU ဟာ လမ်းလျှောက်တတ်စအရွယ်တုန်းက ချစ်ဖို့ကောင်းတဲ့ဝတ်စုံလေးနဲ့ သူမပုံကိုတင်ခဲ့တာဖြစ်ပြီး နောက်ထပ်ပရိသတ်တွေအတွက် သူမရဲ့သူငယ်ချင်းနဲ့ တွဲရိုက်ပြီး ပဲပေးနေတဲ့ ပုံလေးကိုလည်းတင်ပေးခဲ့ပါတယ်။ ဒီဓာတ်ပုံလေးတွေကြည့်ခြင်းအားဖြင့် သူမကမွေးကတည်းက ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ခဲ့တာထင်ရှားပါတယ်။

အခုချိန်ထိထုတ်ဖော်ပြသခဲ့တဲ့ သူမရဲ့ကလေးဘဝပုံတွေက IU ဟာ  သဘာဝအတိုင်း ရာနှုန်းပြည့်လှနေတယ်ဆိုတာသက်သေခံနေပါတယ်။ ခန္ဓာကိုယ်ကသာပြောင်းလဲသွားပေမဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကတော့ ငယ်ရုပ်မပျောက်ပါဘူး။ကလေးဘဝကနေ အခုထက်ထိ ပိုပိုပြီးကို လှနေဦးမယ့် IU ပါ။

May Moe (ရိုးရာလေး)

Ref : Koreabo Entertainment : New Photos Of IU’s Childhood Photos Revealed

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top