18
Sun, Nov
0 New Articles

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည့် MFF Futsal League 2016 ကို မတ်လ (၁၂) ရက်နေ့တွင် မိုးလုံ လေလုံ အမျိုးသား အားကစား ပြိုင်ပွဲရုံ အမှတ် (၁) တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း နှင့် ရိုးရာခြင်းလုံး အဖွဲ့ ချုပ် ဥက္ကဌဖလား ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲသို့  တစ်နိုင်ငံလုံးရှိ ပိုက်ကျော်ခြင်း အသင်း (၁၁၃)သင်း ၊ ရိုးရာခြင်းလုံးအသင်း (၄၁)သင်းဖြင့် အနယ်နယ် အရပ်ရပ်မှ အားကစားသမား  ၁၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြကြောင်း အားကစား ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးသင့် ဒေသများ အတွက် ရန်ပုံငွေ ရှာဖွေပေးရန် ရည်ရွယ်ပြီး Myanmar Flood Reconstruction Assistance CHARITY WRESTLING TOURNAMENT အမည်ဖြင့် ဘက်စုံ အတိုက် နပမ်း ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ သိမ်ဖြူ လက်ဝှေ့ အားကစားရုံ၌ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ညပိုင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅ရက် (ဆင်ဟွာ)

၂၀၁၆ခုနှစ်တွင် အောက်ပါ ဘောလုံးပြိုင်ပွဲများကို အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ဦးစီးကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၄င်းပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ FIFA 11 for Health ဘောလုံး နှင့် ကျန်းမာရေး ပေါင်းစပ် လှုပ်ရှားမှု ပညာပေး အစီအစဉ်အား ပထမဆုံး စတင် ဆောင်ရွက်ခဲ့ပြီး နောက်လာမည့်နှစ်များတွင် အခြား အာရှ နိုင်ငံများ ဖြစ်သော လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်လည်း ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ ၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းတွင် မြန်မာ အားကစားသမားများ အောင်မြင်မှု ရရှိရန် အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အားကစား သမားများ အနေဖြင့် ကြိုတင် စခန်းသွင်း လေ့ကျင့်လျက် ရှိကြောင်း အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်ရှူးမြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် နိုင်ငံကိုယ်စားပြု လက်ရွေးစင် အသင်းများ ၏ လေးနိုင်ငံဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဖူဆယ် နှင့် သဲသောင်ပြင် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် 2015 CFA Futsal International Tournament ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် အဖွင့်ပွဲစဉ်၌ အီရန် လက်ရွေးစင် ဖူဆယ် အသင်း နှင့် တွေ့ဆုံရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ၌ ကျင်းပလျက် ရှိသည့် (၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ၏ ဆဋ္ဌမနေ့ ပွဲစဉ်များကို ဒီဇင်ဘာလ ၈ ရက်က ဆက်လက် ကျင်းပရာ မြန်မာ ပြေးခုန်ပစ်နှင့် ရေကူး အဖွဲ့များက ဆုတံဆိပ်များ ရယူနိုင် ခဲ့ကြောင်း အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိသည့် (၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ၏ ခုနစ်ယောက် ဘောလုံး ပြိုင်ပွဲကို စင်္ကာပူနိုင်ငံ  အမျိုးသား အားကစားကွင်း၌ ကျင်းပရာ ဒီဇင်ဘာလ ၄ ရက်တွင် မြန်မာ အသင်းက မလေးရှား အသင်းကို ၇ ဂိုး- ၂ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ဒီဇင်ဘာ ၅ ရက် (ယနေ့) တွင် အိမ်ရှင် စင်ကာပူ အသင်းနှင့် ယှဉ်ပြိုင် ကစားရာတွင်လည်း မြန်မာ အသင်းမှ ၅ ဂိုး- ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။  (Xinhua)

Page 1 of 3