17
Fri, Aug
0 New Articles

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေ သန်းခေါင် စာရင်း ရှိပြီး အိုးပိုင်အိမ်ပိုင် မရှိသူများအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ မဟာဗန္ဓုလအငှားအိမ်ရာ၌ လစဉ် ဌားရမ်းခ ၃၀၀၀၀ ကျပ်ဖြင့် ဌားရမ်း နေထိုင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ် ပန်းဝါလမ်းရှိ  ဦးသန့်နေအိမ်ကို ပြတိုက် အဖြစ်သာမက ဦးသန့်၏ ဘဝတစ်လျှောက် လုပ်ဆောင်ချက်များနှင့် ပတ်သက်သမျှကို ဆွေးနွေးနိုင်သည့် နေရာ တစ်ခုအဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း ဦးသန့် နေအိမ်အဖွဲ့ မှ တွဲဖက် ဥက္ကဋ္ဌ ဒေါက်တာ သန်းမြင့်ဦးက ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အပါအဝင် မဲခေါင်မြစ် တစ်လျှောက် နိုင်ငံများခရီးစဉ် လုပ်ဆောင် သွားရန်ရှိရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (UMTA) မှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်  ပင့်ဆောင်လာသည့် အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှ မြတ်စွာဘုရား၏ အရိုးဓာတ်တော်သည် မြန်မာနိုင်ငံတွင် ၇ရက်ကြာ အပူဇော်ခံမည်ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ်မှ သတင်းရရှိသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ် ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့ စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု လုပ်ငန်း စုစုပေါင်း (၁၂၅၅)ခု တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မွေးမြူရေး၊ရေလုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန နှင့်အတူ အကောင်အထည် ဖော်နေသည့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း ၃ဝ မှ ကူညီ ဆောင်ရွက် ပေးနေသည့် လုပ်ငန်း နှင့် စီမံကိန်းပေါင်း ၃၅ ခုရှိကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား စီမံကိန်းများ ပြီးစီးသည်နှင့် BRT (Bus Rapid Transit) စနစ်ဖြင့် ဘတ်စ်ကား ပြေးဆွဲမှု လုပ်ငန်း စတင်နိုင်မည် ဖြစ်ကြောင်း ဘတ်စ်ကား အခြေပြုကာ ခရီးသည် အများအပြားကို သယ်ယူပို့ဆောင် ပေးနိုင်မည့် သီးသန့် အမြန် ယာဉ်လိုင်းစနစ် ပြေးဆွဲနိုင်ရန် အကောင်အထည် ဖော်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မှတ်တိုင် အမှတ်(၃၆၁/၂) မြောက်ဘက်တွင် တည်ထားကိုးကွယ်သည့် ဝေရောစန ကျောက်စိမ်း စေတီတော်သို့ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှ လွယ်ကူစွာ ဝင်/ထွက် ဖူးမြော်နိုင်ရန် အမြန်လမ်းမကြီးမှ ဘုရားသို့ ဆက်သွယ်သည့် လမ်းအား ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂) လမ်းမကြီး နှင့် မြို့ပတ်လမ်းဆုံရှိ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းမှ နေ့စဉ် ရေဂါလန် သန်း၄၀ခန့် ဖြန့်ဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီလ ၁၂ ရက် (ဆင်ဟွာ)

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ  ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်း လိုင်စင်များကို ခွင့်ပြုပေးလျက်ရှိရာ (၁၂.၁.၂၀၁၆) ရက်နေ့အထိ လိုင်စင်(၂၀)ခုကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ထပ်မံတင်ပြလာသော ကုမ္ပဏီများကိုလည်း စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှသတင်းထုတ်ပြန်သည်။

Page 1 of 4