19
Fri, Oct
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ရန်ကုန်-မန္တလေး လမ်းပိုင်း အမြန်ရထားများတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ ထုတ်လုပ် ရောက်ရှိလာသော စက်ခေါင်း နှင့် တွဲဆိုင်း အသစ်များဖြင့် အစားထိုး စတင် ပြေးဆွဲ

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ စက်ခေါင်း နှင့် တွဲဆိုင်း အသစ်များ စတင်ပြေးဆွဲမှုအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ် (ဆင်ဟွာ) Science & Technology

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ်(၅) အဆန် ၊ (၆)အစုန် အမြန် ရထားအား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ထုတ်လုပ် ရောက်ရှိလာသော  စက်ခေါင်း အသစ် ၊ တွဲဆိုင်း အသစ်များဖြင့်  အစားထိုး စတင် ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကုန် ဘူတာကြီး၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်-မန္တလေးသို့ ပြေးဆွဲသော အမှတ်(၅) အဆန် အမြန်ရထား စက်ခေါင်း နှင့် တွဲဆိုင်း အသစ်များအား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်-မန္တလေးသို့ ပြေးဆွဲသော အမှတ်(၅) အဆန် အမြန်ရထား စက်ခေါင်း နှင့် တွဲဆိုင်း အသစ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ စက်ခေါင်း နှင့် တွဲဆိုင်း အသစ်များ စတင်ပြေးဆွဲမှုအခမ်းအနား တက်ရောက်စဉ် (ဆင်ဟွာ)

 

ထိုသို့ စက်ခေါင်းသစ်တွဲသစ်များ အစားထိုး ပြေးဆွဲရခြင်းသည် ခရီးသွား ပြည်သူများ လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာ စိတ်ချမ်းမြေ့ စွာ ရထားဖြင့် ခရီးသွားလာနိုင်စေရန် နှင့် အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက်ထားသော စက်ခေါင်းနှင့် တွဲများ အသုံးပြု၍ ရထားစီး ခရီးသည်များအတွက် ဝန်ဆောင်မှုကောင်းများ ရရှိစေရန် ဖြစ်ကြောင်း သိရသည်။

ထိုစက်ခေါင်းနှင့် လူစီးတွဲသစ်များအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ China Southern Railways (CSR) ၏ Sifang Co.,Ltd မှ ထုတ်လုပ်ပြီး လေအိတ်များ တပ်ဆင် ထားသဖြင့် ခုန်ခြင်း၊ ဆောင့်ခြင်း၊ လူးလွန့်လှုပ်ခါခြင်းများ သက်သာ၍ ရထားစီးခရီးသည်များ သက်သောင့်သက်သာ စီးနင်းနိုင်တော့မည်ဖြစ်သည်။  (Xinhua)