24
Mon, Sep
0 New Articles

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ဓာတ်အားပေး စက်ရုံများမှ တစ်ဆင့် ယခု ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရေအား ၃,၁၈၅ မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ ၁,၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ၁၂၀ မဂ္ဂါဝပ်၊ ဒီဇယ် ၁၀၁ မဂ္ဂါဝပ် တို့ဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၅,၂၃၅ မဂ္ဂါဝပ် ရရှိလာမည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း တို့မှာ လျှပ်စစ် ဓာတ်အား ရရှိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မွန်ပြည်နယ် သထုံမြို့တွင် (၁၁၉) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း အတွက် China Energy Engineering Group (CEEC) နှင့် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းတို့ သဘောတူ စာချုပ် လက်မှတ် ရေးထိုး လိုက်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ MPU ကဒ်၊ ပြည်ပ၌ Union Pay ကဒ်အဖြစ် သုံးစွဲနိုင်သော  MPU-Union Pay, Co-Brand Debit Card ကဒ်အားမိတ်ဆက်ပွဲအခမ်းအနားကို  Co-Brand Debit Card အား မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် AGD ဘဏ်မှ စတင်မိတ်ဆက်လိုက်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မြို့၌ ATR လေယာဉ် အကြီးစား ပြင်ဆင်မှု အလုပ်ရုံ တည်ထောင်ရန် စီစဉ်လျက်ရှိရာ အဆိုပါစက်ရုံ ဖွင့်လှစ်ပြီးပါက ပြည်တွင်း လေကြောင်းလိုင်း များမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှု အပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရထားပို့ဆောင်ရေးကဏ္ဍတွင် စက်ခေါင်းသစ် နှင့် လူစီးတွဲသစ်များ အစားထိုး တပ်ဆင် ပြေးဆွဲရန် တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သည့် စက်ခေါင်းသစ်များနှင့် လူစီးတွဲသစ်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ယခု လက်ရှိ အချိန်တွင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသော အမြန်ရထားများတွင် စတင် အစားထိုး ပြေးဆွဲနေပြီ ဖြစ်ကြောင်း ရထား ပို့ ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ယနေ့ ဇန်န၀ါရီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသော အမှတ်(၅) အဆန် ၊ (၆)အစုန် အမြန် ရထားအား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ထုတ်လုပ် ရောက်ရှိလာသော  စက်ခေါင်း အသစ် ၊ တွဲဆိုင်း အသစ်များဖြင့်  အစားထိုး စတင် ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကုန် ဘူတာကြီး၌ ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အင်တာနက် အမြန်နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ယခုအမြန်နှုန်းထက် ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် အင်တာနက်ဆက်သွယ်ရေး ကာပါနာ (Campana)ကုမ္ပဏီ အကြီးအကဲ ဂျူလီယန် ရောလီ( Julian Rawle) ကပြောကြားသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ ၊ အိန္ဒိယ ၊ ထိုင်း သုံးနိုင်ငံအကြား နိုင်ငံ အချင်းချင်း ခရီးသည် နှင့် ကုန်စည်များ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သွားလာမှု၏ စည်းကမ်းများ သဘောတူ စာချုပ်အရ ယာဉ်မောင်းလိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့  စတင် ပြောင်းလဲထုတ်ပေး နေပြီ ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကွန်ပျူတာသုံး မြန်မာစာ စံစနစ် အသုံးပြုနိုင်ရန် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစတင်၍ စမ်းသပ် ဆောင်ရွက်မည် ဖြစ်ကြောင်း ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သည့် ကွန်ပျူတာသုံး မြန်မာစာစံစနစ် ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင်ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာတွင် အသုံးပြုနေသော Credit ကတ်ဖြင့် ငွေပေးချေနိုင်သော စနစ်ကို မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလမှစ၍ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

Page 1 of 4