25
Mon, Jun
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းအတွက် ဥက္ကဋ္ဌ တာဝန် လွှဲပြောင်း ပေးအပ်

လွှတ်တော် ဥက္ကဋ္ဌ တာဝန်များ လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ- Thura U Shwe Mann facebook) Politics, Law & Military

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စတင် တာဝန် ထမ်းဆောင်မည့် ဦးဝင်းမြင့် ထံသို့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် သူရ ဦးရွှေမန်းက လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သူရ ဦးရွှေမန်း၏ လူမှု ကွန်ရက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ခဲ့သည်။

လွှတ်တော် ဥက္ကဋ္ဌ တာဝန်များ လွှဲပြောင်းပွဲသို့ တက်ရောက်လာသူများအားတွေ့ရစဉ် (ဓာတ်ပုံ- Thura U Shwe Mann facebook)

ထိုသို့ လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို လွှဲပြောင်း ပေးအပ်ရာတွင် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်မည့် ဦးတီခွန်မြတ် ၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန် ပြီးဆုံးသွားခဲ့သော ဦးနန္ဒကျော်စွာ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း တွေ့ ရှိရသည်။  (Xinhua)