27
Fri, Apr
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ အား ယနေ့ စတင်ကျင်းပ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့အား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ အား ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အား ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် သဘာပတိ တင်မြှောက်ခြင်း ၊ သဘာပတိ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ၊ နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ် တင်မြှောက်ခြင်း ၊ သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းများ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)