19
Fri, Oct
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

တပ်မတော်(ရေ )မှ စစ်ရေယာဉ်-အောင်ဇေယျ အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ တက်ရောက်ရန်ထွက်ခွာ

ရေတပ်စစ်ရေယာဉ်အားတွေ့ရစဉ်( ဓာတ်ပုံ--မြ၀တီ) Politics, Law & Military

ရန်ကုန်၊ဇန်န၀ါရီ၃၁ရက်(ဆင်ဟွာ)

မြန်မာ့တပ်မတော်(ရေ )မှ မောရ၀တီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီးထိန်ဝင်း ဦးဆောင်သော စစ်ရေယာဉ်-အောင်ဇေယျသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရေတပ်ဌာနချုပ်(Eastern Naval Command)တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR)သို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၃၀ ရက်နံနက် ထွက်ခွါသွားကြောင်း သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR)ကို အိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်-အောင်ဇေယျအပါအ၀င် နိုင်ငံတကာရေတပ်များမှ စစ်ရေယာဉ်စုစုပေါင်း ၂၄ စင်း တက်ရောက်မည်ဖြစ်ကြောင်း နှင့် မြန်မာ့တပ်မတော်(ရေ)မှစစ်ရေယာဉ်သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၆၈ နှစ်တာ ကာလအတွင်းအိန္ဒိယနိုင်ငံ Visakhapatnam ဆိပ်ကမ်းသို့ ဒုတိယအကြိမ် ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ကြောင်း သတင်းရရှိသည်။  (Xinhua)