21
Sun, Oct
0 New Articles

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စတင် တာဝန် ထမ်းဆောင်မည့် ဦးဝင်းမြင့် ထံသို့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် သူရ ဦးရွှေမန်းက လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သူရ ဦးရွှေမန်း၏ လူမှု ကွန်ရက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒီမိုကရေစီ ရှင်သန်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန် အတူတကွ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ (ဆင်ဟွာ)

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့် တာမွေမဲဆန္ဒနယ်ကို တင်မြှောက်လိုက်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ)က ဆောင်ရွက်မည်ဖြစ်သည်။

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ အား ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်၊ဇန်န၀ါရီ၃၁ရက်(ဆင်ဟွာ)

ဇန်န၀ါရီ ၃၀ ရက်နေ့ နံနက် ၁၀း၄၅ နာရီ အချိန်တွင် ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းရွာ ရှေ့တန်းတပ်စခန်းအနီး ကျိုင်းလပ်-တာလေသွား ကားလမ်းမပေါ်တွင် ကျပ်သိန်းပေါင်း (၅၅၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ဇန်န၀ါရီ၃၁ရက်(ဆင်ဟွာ)

မြန်မာ့တပ်မတော်(ရေ )မှ မောရ၀တီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီးထိန်ဝင်း ဦးဆောင်သော စစ်ရေယာဉ်-အောင်ဇေယျသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရေတပ်ဌာနချုပ်(Eastern Naval Command)တည်ရှိရာ အိန္ဒိယအရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ Visakhapatnam ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-IFR)သို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၃၀ ရက်နံနက် ထွက်ခွါသွားကြောင်း သတင်းထုတ်ပြန်သည်။

နေပြည်တော် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကျင်းပမည့်ရက်အား ရွှေ့ဆိုင်း လိုက်သော်လည်း ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပမည့် နေ့ ရက်အား မှုလ အစီအစဉ် အတိုင်း ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ယခုအချိန်ထိ အပြောင်းအလဲ မရှိသေးကြောင်း ပြည်သူ့ လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းအချိန်တွင် ဆင်ဟွာသို့ ပြောသည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် အစိုးရ ဖွဲ့စည်းရာ၌ နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။