22
Sun, Jul
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာရေတိမ် ဒေသအဖြစ် သတ်မှတ်

ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်းတိတိရစ္ဆာန် န် ဘေးမဲ့တောအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာ ရေတိမ်ဒေသအဖြစ် အတည်ပြု သတ်မှတ်လိုက်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်း ရေးဌာနမှ သိရသည်။

အဆိုပါ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြုသတ်မှတ်ပြီး ဖေဖော်ဝါရီ ၂ ရက်၌ ကျရောက်မည့် ကမ္ဘာ့ရေတိမ် ဒေသနေ့တွင် တရားဝင်ကြေညာ မည်ဖြစ်သည်။

ယခင်က မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော တစ်ခုသာ ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြု သတ်မှတ်ခြင်း ခံခဲ့ရပြီး အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် ဒုတိယမြောက်ဖြစ်သည်။

အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြုသတ်မှတ်နိုင်ရန် သဘာဝပတ်ဝန်း ကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနနှင့် နိုင်ငံတကာ တိရစ္ဆာန် နှင့် အပင်များအဖွဲ့ (FFI) တို့ပူးပေါင်းကာ သုံးနှစ်ခန့် ကွင်းဆင်းလေ့ လာမှုများ ပြုလုပ်ခဲ့သည်။

အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့ တောသည် ရမ်ဆာရေတိမ်ဒေသ (Ramsar Site) အဖြစ် သတ်မှတ်နိုင်သည့် စံနှုန်းကိုးခုအနက် လေးခုနှင့်ကိုက်ညီကြောင်း သိရသည်။

မုတ္တမပင်လယ်ကွေ့ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့ တောကိုလည်း ရမ်ဆာရေတိမ် ဒေသအဖြစ် သတ်မှတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ရှိသည့် အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် အမြဲစိမ်းတော၊ ရေတိမ်ဂေဟစနစ်ဖြစ်ပြီး ဆင်၊ သမင်၊ စိုင်၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်နှင့် ရေပျော်ငှက်များ လာရောက်ကျက်စားသည့် ရေတိမ် ဒေသ တစ်ခုဖြစ် သည်။  (Xinhua)