25
Fri, May
0 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြစ်ဝ အနီးတွင် ဗီယက်နမ် ကုန်တင်သဘောင်္ နစ်မြုပ်ခဲ့သည့် ဖြစ်စဉ်အား ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA)မှ ဖြစ်စဉ် အသေးစိတ်ကို  စစ်ဆေး၍ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန် မြစ်ဝ၌ ဗီယက်နမ် ကုန်တင်ရေယာဉ် M.V Thein Phu Silver နှင့် ဆီတင်ရေယာဉ် MT Ocean Osprey တိုက်ကာ နစ်မြုပ်မှု ဖြစ်ပွားကြောင်း တပ်မတော် (ရေ) မှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု အနီးတွင် ရေမဆေးကျောက် ရှာဖွေနေသော လုပ်သား ၁၀၀ ခန့် အလုပ် လုပ်နေချိန်၌ စွန့်ပစ် မြေဇာပုံ နှစ်ပုံဆက်တိုက် ပြိုကျခဲ့ကြာင်း ဖားကန့်တွင် မြေဇာပုံ ပြိုကျရာ၌ ကယ်ဆယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ယနေ့ နံနက်တွင် မရမ်းကုန်းမြို့နယ်  ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် နောက်ကျောဘက် အမြင့်(၁၂) ပေခန့်ရှိ ကုန်းမြင့် နံရံကို ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ရန်အတွက် မြေညှိခြင်း၊ ဖောင်ဒေးရှင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေ စဉ် ကုန်းမြင့်နံရံ ပြိုကျခဲ့သောကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ဆင်ဟွာကို အတည်ပြုပြောကြားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း ဓာတ်လိုက်မှုပေါင်း ၁၅၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၄၀ သေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ဓာတ်လိုက် မှုပေါင်း ၂၄၄ မှု ဖြစ်ပွားခဲ့ပြီး ၂၀၅ ဦး အသက်ဆုံးရှုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် ရမ်ဆာ ရေတိမ်ဒေသအဖြစ် အတည်ပြု သတ်မှတ်လိုက်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်း ရေးဌာနမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မိုးလေ၀သ တိုင်းထွာချက်များအရ အရှေ့ ဘက်မှ ရွေ့ လျားလာသော လေပွေလှိုင်းများနှင့် ဘင်္ဂလား ပင်လယ်အော်မှ ရွေ့ လျားလာသော တိမ်တိုက်များကြောင့် တိုင်းဒေသကြီး/ပြည်နယ် နေရာ အတော်များများ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လွန်ခဲ့သော ငါးနှစ် အတွင်း ကျောက်မီးသွေး တန်ချိန် သန်းပေါင်း ၅၆၀ တန် ထုတ်လုပ် ခဲ့သည် ဟု ခန့်မှန်းရကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျောက်မီးသွေး အသင်းအဖွဲ့ က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့အနီး၌ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈ နာရီ ၆ မိနစ်ခန့်က ပြင်းအား ရစ်ခ်ျတာစကေး ၄.၀ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီထံမှ သိရသည်။

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်း မြေငလျင်ငယ်များ အကြိမ်အရေအတွက် ခပ်စိပ်စိပ် လှုပ်ခတ်မှုများကြောင့် ပြည်သူများ အနေဖြင့် ငလျင်ဒဏ် ကြုံတွေ့ ရပါက ပြုမူဆောင်ရွက်သင့်သည့် အချက်များနှင့် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များအား ပြန်လည် ဖော်ပြအပ်ပါသည်။