22
Sun, Jul
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

မြောက်ဦး ဒေသ၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် ထိန်းသိမ်းရေးရန် ကျပ်သိန်း ၅၃၀၀ ကျော် အသုံးပြု

ရခိုင်ပြည်နယ် မြောက်ဦးဒေသ၌ ဘုရားများကိုတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ) Culture & Entertainment

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးဒေသ၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်နိုင်ရန် ကျပ် သိန်း ၅၃၀၀ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အသုံးပြုခွင့်ပြုထားကြောင်း ရှေးဟောင်း သုတေသန ဌာနထံမှ သိရသည်။

အဆိုပါ ခွင့်ပြုရန်ပုံငွေဖြင့် သုတေသနပြတိုက် ပြောင်းရွှေ့ခြင်း၊ တည်ဆောက်ပြသခြင်း လုပ်ငန်း၊ နန်းတော်ကုန်းရှိ မဟာပညာကျော် လမ်းလွှဲ ဖောက်လုပ်ခြင်း လုပ်ငန်း၊ နန်းသားကန် တူးဖော်ထိန်းသိမ်းခြင်း လုပ်ငန်း၊ ဘားဘူတောင်စေတီများ၊ မြေထိန်းနံရံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ ကြောင်လည်ဒုံခံတပ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ မင်္ဂလာမာန်အောင် ကျောက်စီတံတိုင်း ထိန်းသိမ်းခြင်း လုပ်ငန်း နှင့် ရှေးဟောင်း စေတီပုထိုး ငါးဆူ ထိန်းသိမ်းခြင်း လုပ်ငန်း စသည့် လုပ်ငန်း ရှစ်ခု လုပ်ဆောင် မည်ဖြစ်သည်။

မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှ စတင်၍ ခွင့်ပြု ရန်ပုံငွေများ ရရှိခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သိန်း ၆၃ဝဝ ရရှိခဲ့ကြောင်း၊ ပြုပြင် ထိန်းသိမ်းရမည့် လုပ်ငန်းများတွင် တစ်ခု အပါအဝင်ဖြစ်သော နန်းတော်ကုန်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများမှာ လက်ရှိအချိန်ထိ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)