21
Sun, Oct
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ကမ္ဘာ့သက်တမ်းအရင့်ဆုံး လက်ဖက်ရွက်များအား တရုတ်တော်ဝင်သင်္ချိုင်း၌တွေ့ရှိ

တရုတ်နိုင်ငံ၌ သက်တမ်းအရင့်ဆုံး လက်ဖက်ရွက်များတွေ့ရှိရာ တော်ဝင်သင်္ချိုင်းအား တွေ့ရစဉ် (ဆင်ဟွာ) Culture & Entertainment

ရှီးအန်း၊ ဇန်နဝါရီ ၁၄ ၇က် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၁၀၀ ကျော်လောက်က အုပ်စိုးခဲ့သည့် ဘုရင်တစ်ပါး၏ ဂူသင်္ချိုင်းအတွင်းမှ ကမ္ဘာ့သက်တမ်းအရင့်ဆုံး လက်ဖက်ရွက်များအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီးပြည်နယ် တွင် ၁၉၉၈ ခုနှစ် ကစတင် တူးဖော်ခဲ့သည့် ဟန်မင်းဆက် (202 BC-220 AD) ဂျင်းဧကရာဇ်၏ အုတ်ဂူ မှ အဆိုပါ လက်ဖက်ရွက်များအား တွေ့ရှိခဲ့ပြီး ၄င်းတို့ကို တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၏ သုတေသီများထံသို့ လက်ဖက်ရွက်များ ဖြစ်ကြောင်း ကာဗွန်စမ်းသပ်မှုများဖြင့် အတည်ပြုရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ဖက်ခြောက် သုံးစွဲမှုသည် တရုတ်နိုင်ငံ မှ စတင်ခဲ့ပြီး Tang မင်းဆက် (618-907) တွင် စတင် ကျော်ကြား လာကြောင်း နှင့် ယခုတွေ့ရှိမှုအရ မင်းမျိုးမင်းနွယ်များ၏ လက်ဖက်ခြောက်အသုံးပြုမှုသည် ခန့်မှန်း ထားသည်ထက် ပိုမိုကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။  (Xinhua)