24
Mon, Sep
0 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ကို  Myanmar Convention Center (MCC Hall) ၌ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်၊ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၅ အထွေထွေ ပြဋ္ဌာန်းချက်များ အပိုဒ် ၄၅၀ တွင်မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ဖော်ပြပါရှိကြောင်း၊ မြန်မာစာ အဆင့်ဆင့် ဖြစ်တည်လာမှုကို အများသူငါတို့ လေ့လာ သိရှိနိုင်ရန် ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်တွင် အများပြည်သူများ လေ့လာ သိရှိနိုင်ရန် ဖော်ပြထားရှိခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်သည်။ 

မြန်မာစာတွင် သရ၊ အသတ်နှင့် ဂဏန်းများအား တွေ့ရစဉ် (ဓာတ်ပုံ- ယဉ်ကျေးမှု ဝန်ကြီးဌာန)

(Xinhua)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ၊ မြစ်သားမြို့ ၊ ပေတောကျောင်းဝင်း အတွင်းရှိ စောလူးမင်း ကျောက်စာကို ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ဌာနမှ ဒေါက်တာ စံရွှေ ၊ အမေရိကန် နိုင်ငံ ဟားဗက် တက္ကသိုလ်မှ Dr. Lilian Handlin နှင့်အဖွဲ့  မှ  လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မြောက်ဦးဒေသ၌ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်နိုင်ရန် ကျပ် သိန်း ၅၃၀၀ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အသုံးပြုခွင့်ပြုထားကြောင်း ရှေးဟောင်း သုတေသန ဌာနထံမှ သိရသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)


မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး များဖြင့် နိုင်ငံတကာဧည့်သည်များ ၀င်ရောက် လှည်ပတ်မှု များမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး ယခုနှစ် အစပိုင်းတွင်လည်း  ကမ္ဘာလှည့် ခရီးသည် တင် အပျော်စီးသင်္ဘော ၆ စင်းထပ်မံ ၀င်ရောက်ရန် ရှိနေသည်ဖြစ်၍ ယခု ၂၀၁၆ ခုနှစ်တွင် ပိုမို တိုးတက် လာနိုင်သည့် အလားအလာကောင်းများ ရှိနေကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

ရှီးအန်း၊ ဇန်နဝါရီ ၁၄ ၇က် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၁၀၀ ကျော်လောက်က အုပ်စိုးခဲ့သည့် ဘုရင်တစ်ပါး၏ ဂူသင်္ချိုင်းအတွင်းမှ ကမ္ဘာ့သက်တမ်းအရင့်ဆုံး လက်ဖက်ရွက်များအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်၊ဇန်န၀ါရီ၁၀ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကမ်းပါးနီရွာ အနီး တွေ့ရှိခဲ့သော ကျောက်ခေတ် နံရံပန်းချီ လက်ရာများကို ပညာရေး ဝန်ကြီးဌာန မြန်မာစာ ကော်မရှင်အဖွဲ့၊ မြန်မာ့သမိုင်း အဖွဲ့တို့နှင့် ပူးပေါင်း၍ မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြနိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန မန္တလေးဌာနခွဲ မှ သိရသည်။

ရန်ကုန်၊ဇန်န၀ါရီ၅ရက်(ဆင်ဟွာ)

မြန်မာ-ကိုရီးယား  နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အနေဖြင့် ပထမဆုံးပြုလုပ်မည့် ဂန္တဝင်တေးဂီတဖျော်ဖြေပွဲကို ၂၀၁၆၊ ဇန်နဝါရီ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံ ခရိုင်၊ နွားထိုးကြီး မြို့နယ်ရှိ စင်္ကြာတောင်ဒေသ ကျောက်ထွင်း လိုဏ်ဂူများအား ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (၂၀၁၅ ခုနှစ်) နှင့် အညီ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ တားမြစ်ချက်များ၊ သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ စူဠာမဏိဘုရား ၊တောင်ဂူနီဘုရား ၊ လောကထိပ်ပန်ဘုရား ၊ လောကဥသျှောင်ဘုရားများကို ယခုအခါ ယူနက်စကို၏ အရေးပေါ်ရန်ပုံငွေဖြင့် နံရံဆေးရေး ပန်းချီအပါအ၀င် အနုလက်ရာများ ရေရှည် ကြံ့ခိုင် တည်တံ့စေရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နေကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ သိရသည်။

Page 1 of 3