18
Sun, Nov
0 New Articles

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစု အနေဖြင့် ယခုနှစ် နွေရာသီမှ စ၍ အယ်နီညို ရိုက်ခတ်မှုဒဏ်(El-Nino Effect) ကြောင့် ရာသီဥတု ပိုမို ပူပြင်းပြီး စိုက်ပျိုးရေး နှင့် သောက်သုံးရေ  ရရှိရေး အခက်အခဲများ ရှိလာနိုင်မည် ဖြစ်သဖြင့် သက်တမ်းတို အထွက်ကောင်း စပါးမျိုးများ အသုံးပြုရေး နှင့် စိုက်ပျိုးရေ ၊ သောက်သုံးရေများ အလေအလွင့် မရှိစေရေးအတွက် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနက သတိပေး နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးတွင် နှစ်စဉ် ပြုလုပ်လျက် ရှိသော ပန်းပွဲတော် ကို ယခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ရာသီဥတု သာယာပါက ၂ဝ၁၆ ခုနှစ် ဧပြီလထိ ဆက်လက် ပြသသွားမည် ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီး ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အခြေခံ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း၌ ထုတ်လုပ်နေကြသည့် တောင်သူ လယ်သမားများ၏ ထုတ်ကုန်များအတွက် ခိုင်မာသော ဈေးနှုန်း၊ ခိုင်မာသော ဈေးကွက် ရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ချက်သည် ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေသော အဓိက အကြောင်းရင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြာသည်။