18
Sun, Nov
0 New Articles

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ဓာတ်အားပေး စက်ရုံများမှ တစ်ဆင့် ယခု ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရေအား ၃,၁၈၅ မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ ၁,၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ၁၂၀ မဂ္ဂါဝပ်၊ ဒီဇယ် ၁၀၁ မဂ္ဂါဝပ် တို့ဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၅,၂၃၅ မဂ္ဂါဝပ် ရရှိလာမည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း တို့မှာ လျှပ်စစ် ဓာတ်အား ရရှိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တတိယ အကြိမ်မြောက် နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်ကို  Myanmar Convention Center (MCC Hall) ၌ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ရန်ကုန်၊ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၅ အထွေထွေ ပြဋ္ဌာန်းချက်များ အပိုဒ် ၄၅၀ တွင်မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်ဟု ဖော်ပြပါရှိကြောင်း၊ မြန်မာစာ အဆင့်ဆင့် ဖြစ်တည်လာမှုကို အများသူငါတို့ လေ့လာ သိရှိနိုင်ရန် ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်တွင် အများပြည်သူများ လေ့လာ သိရှိနိုင်ရန် ဖော်ပြထားရှိခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်သည်။ 

မြန်မာစာတွင် သရ၊ အသတ်နှင့် ဂဏန်းများအား တွေ့ရစဉ် (ဓာတ်ပုံ- ယဉ်ကျေးမှု ဝန်ကြီးဌာန)

(Xinhua)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စတင် တာဝန် ထမ်းဆောင်မည့် ဦးဝင်းမြင့် ထံသို့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် သူရ ဦးရွှေမန်းက လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သူရ ဦးရွှေမန်း၏ လူမှု ကွန်ရက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒီမိုကရေစီ ရှင်သန်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန် အတူတကွ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ (ဆင်ဟွာ)

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့် တာမွေမဲဆန္ဒနယ်ကို တင်မြှောက်လိုက်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ)က ဆောင်ရွက်မည်ဖြစ်သည်။

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့ အား ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်၊ဇန်န၀ါရီ၃၁ရက်(ဆင်ဟွာ)

အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက် များပြားသဖြင့် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူများကို ပိုမိုခေါ်ယူနိုင်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။