19
Fri, Oct
0 New Articles

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပမည့် 2nd Men's Asian Challenge ဟော်ကီ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူ မြက်ခင်းတု ဟော်ကီကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင် ၊ သိရီလင်္ကာ၊ အင်ဒိုနီးရှား တို့မှ အားကစားသမား ၁ဝဝ ကျော် ပါဝင်ယှဉ် ပြိုင်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟော်ကီ အဖွဲ့ချုပ်မှ သိရသည်။

ပေကျင်း၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အသက်အကြီးဆုံး ဝါရင့် အိုလံပစ် ပြေးခုန်ပစ် အားကစားသမား ကောကျယ် (Guo Jie) သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှားအန်ရှီး ပြည်နယ် မြို့တော် ရှီးအန်း မြို့တွင် နိုဝင်ဘာလ ၁၅ ၇က်နေ့ က ကွယ်လွန်ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၁၀၃ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ချင်ဒေါင်း၊ နိုဝင်ဘာလ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရွက်လှေ မြို့တော်ဟု တင်စား ခေါ်ဝေါ်ကြသော ချင်သောင် (Qingdao) မြို့အား ထူးချွန်စွာ ပါဝင် ထောက်ပံ့မှု ဆုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတကာ ရွက်လှေ အသင်းကြီး (ISAF) မှ ၄င်း၏ နှစ်ပတ်လည် အစည်းအဝေးပွဲ ၌ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မက်ဒရစ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

စပိန် လူငယ် ဘောလုံးပြိုင်ပွဲ၌ ရီးယဲမက်ဒရစ် ယူ-၁၉ အသင်းနှင့် အယ်လ်ကာလာ ယူ-၁၉ အသင်းတို့ ပွဲစဉ်တွင် တရုတ်လူမျိုး တောင်ပံ ကစားသမား အသက် ၁၈ နှစ်အရွယ် လင်းလျန်မင်းက ရီးယဲမက်ဒရစ် အတွက် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ ၁၈ ရက်က နှစ်ဂိုး သွင်းပေးလိုက်ကြောင်း သိရသည်။