22
Sun, Jul
0 New Articles

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ်းလွန် နျူကလီးယား ဓါတ်ပေါင်းဖို အား ပြည့်စုံစိတ်ချရသည့် အချက်အလက်များ နှင့် အညီ တည်ဆောက်ရန် စီစဉ်နေကြောင်း အကြီးတန်း နျူကလီးယား အာဏာပိုင်တစ်ဦးက ဇန်နဝါရီ ၂၇ရက် နေ့တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီလ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လကမ္ဘာလေ့လာရေး ခရီးစဉ်သစ်အား တရားဝင် စတင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် လူလိုက်ပါခြင်း မရှိသည့် Chang’e-4 အာကာသယာဉ် အား လကမ္ဘာ၏ မမြင်ရသည့်အခြမ်းကို လေ့လာရန်စေလွှတ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သိပံ္ပ၊ နည်းပညာ နှင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ စက်မှု လုပ်ငန်းများ စီမံခန့်ခွဲရေး (SASTIND)က ဇန်နဝါရီလ ၁၄ရက်နေ့တွင် ကြေညာခဲ့သည်။

ဟန်ကျိုး၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျောင်း တက္ကသိုလ် မှ သိပ္ပံပညာရှင်များသည် ကြိုးကြာ စက္ကူရုပ် ပုံစံအား စက္ကူခေါက် နည်းကို အသုံးမပြုဘဲ အခြေအနေ တစ်ခုအောက်တွင် အလိုအလျောက် ကြိုးကြာပုံစံ ပြောင်းလဲ နိုင်သည့် polymer ဒြပ်ပေါင်း တစ်မျိုးအား တီထွင် ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒိုမိန်း “.cn” သည် လက်ရှိတွင် ကမ္ဘာ့ အသုံးပြုသူ အများဆုံး ဒိုမိန်း ဖြစ်လာကြောင်း သိရသည်။

လက်စ်ဗီးဂပ်စ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မောင်းသူမဲ့ ဒရုန်းလေယာဉ် ထုတ်လုပ်ရေး Ehang က ဇန်နဝါရီလ ၆ ရက်တွင် ခရီးသည် တစ်ဦး လိုက်ပါ စီးနင်းနိုင်သည့် ကမ္ဘာ့ပထမဆုံး လူစီး ဒရုန်း Ehang 184အား လက်စ်ဗီးဂပ်စ် တွင် ကျင်းပသည့် လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ ပြပွဲ (CES) ၌ ပြသခဲ့ကြောင်း နှင့် ၄င်းဒရုန်း ယာဉ်ပျံသည် အနာဂါတ်တွင် မျှော်မှန်းထားသည့် နေ့စဉ် အကွာအဝေးတို၊ အကွာအဝေးလတ် အလိုအလျောက် ပျံသန်းမှု ခရီးစဉ်များ အကောင်အထည် ဖော်နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

လာ့စ်ဗီးဂပ်စ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Huawei သည် သုံးစွဲသူများ၏ အာရုံကို ဖမ်းစားနိုင်သည့် နှစ်လိုဖွယ် စမတ်ဖုန်း သစ် Mate 8 ကို လာ့စ်ဗီးဂပ်စ် တွင် ပြုလုပ်ခဲ့သော လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းပြပွဲ (CES) ၌ စတင် မိတ်ဆက်ခဲ့ပြီး Apple အား ၂ နှစ်အတွင်း ကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်လာစေရန် Mate 8 က ကူညီ ပေးနိုင်မည်ဟု ကုမ္ပဏီက မျှော်လင့်ထားကြောင်း သိရသည်။

နန်နင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အနက် တစ်ခုတွင် တည်ရှိသော ပထမဆုံး နျူကလီးယား စွမ်းအင် စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုကို ဇန်နဝါရီလ ၁ ရက်က စီးပွားဖြစ် စတင် လည်ပတ် ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဂြိုဟ်သိမ် ၅ ခုအား တရုတ်နိုင်ငံ၏ ပထမဆုံးသော ဆေးပညာ နိုဗယ်ဆုရ တူးယို့ယိုး (Tu Youyou) အပါအဝင် တရုတ် ထိပ်တန်း သိပံ္ပ ပညာရှင်များ၏ အမည်ဖြင့် သတ်မှတ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် က ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက Liaoning ပြည်နယ် အရှေ့မြောက်ဘက်ရှိ Dalian ဆိပ်ကမ်းမြို့၌ ဒုတိယမြောက် လေယာဉ် တင် သင်္ဘောအား ကိုယ်ပိုင် ဒီဇိုင်းထုတ် တည်ဆောက်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဒီဇင်ဘာ ၃၀ ရက်က အတည်ပြု ပြောကြားလိုက်သည်။

ကွမ်ကျိုး၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ရှိ မြို့တစ်မြို့ ဖြစ်သည့် ရှန့်ကျန်းတွင် အာရှ၏ အကြီးဆုံးသော မြေအောက် ရထားဘူတာ အား ဒီဇင်ဘာလ ၂၉ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကွမ်ကျိုး နှင့် ဟောင်ကောင် ကြား ခရီးသွားချိန်ကို နာရီဝက် အထိ လျှော့ချနိုင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Page 1 of 5