18
Sun, Nov
0 New Articles

ပေကျင်း၊ အောက်တိုဘာလ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတွင် ဆယ်စုနှစ်များစွာ ပြဋ္ဌာန်းခဲ့သည့် ကလေးတစ်ယောက်သာ မွေးဖွားခွင့် ရှိသည့် မူဝါဒကို ပယ်ဖျက်၍  ဇနီးမောင်နှံ အားလုံး အတွက် ကလေးနှစ်ယောက် မွေးဖွားခွင့် ပြုခဲ့ကြောင်း တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ (CPC) က အောက်တိုဘာလ ၂၈ ရက် တွင် ကြေညာခဲ့သည်။

ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ ယနေ့ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ရန်ယျိကျွင်း က တရုတ် နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် အပေါ် ခြိမ်းခြောက်လာမှု များအား လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ကာ တောင်တရုတ် ပင်လယ် တည်ငြိမ် အေးချမ်းရေးအား ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ တွင် အဆိုပါ အာရှ နှစ်နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ က ယနေ့တွင် တရားဝင် ထုတ်ပြန် ခဲ့သည်။

ကျန့်ကျိုး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန် ပြည်နယ်တွင် အိမ်ခြံမြေ သူဋ္ဌေးကြီး တစ်ဦးအား လွန်ခဲ့သော ၁၆ နှစ် က ဘဏ်ဓါးပြ တိုက်သူအဖြစ် ဓါးပြ တိုက်မှုတွင် ပါဝင်သူ လေးယောက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသခံ ရဲများက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပေကျင်း ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် ပြောရေးဆိုခွင့်ရှိသူ လျန်ရန်က အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံ ရေတပ် အနေဖြင့် Lassen စစ်သင်္ဘောအား တရုတ် နိုင်ငံပိုင် တောင်တရုတ် ပင်လယ်ရှိ ကျွန်းစွယ်များထံသို့ စေလွှတ်ခဲ့သောကြောင့် တရုတ် နိုင်ငံ လေတပ်နှင့် ရေတပ်တို့မှ နိုင်ငံတကာ ဥပဒေ နှင့် အညီ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။

ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးမှ တောင်တရုတ်ပင်လယ် သို့ အမေရိကန် နိုင်ငံ ၏ စစ်သင်္ဘော စေလွှတ် ခဲ့ခြင်းကို လုံးဝ လက်မခံ နိုင်သောကြောင့် တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် အား  ဆွေးနွေး ခဲ့ပြီး ဖြေရှင်းချက် ပေးရန် တောင်းဆို ခဲ့သည်။

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အတွင်း အဓိပ္ပါယ်မဲ့သော လုပ်ရပ် လုပ်ဆောင်ခြင်းအား ဆက်လက် မပြုလုပ်ရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံအား အောက်တိုဘာ ၂၇ ရက်နေ့တွင် သတိပေးလိုက်သည်။

မကာအို ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ မကာအို မြို့တွင် အောက်တိုဘာ ၂၄ ရက်နေ့က “ခေတ်သစ်ပိုးလမ်းမကြီး-ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းပုံစံသစ်” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာ့အနှံအပြား ရှိ တရုတ် လူမျိုး ကုန်သည် များမှ အစည်းအဝေး တရပ် အား ကျင်းပ ခဲ့ကြသည်။

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗြိတိန်နိုင်ငံသို့ ငါးရက်တာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာမှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

လန်ဒန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေဗစ် ကင်မရွန်း တို့သည် အောက်တိုဘာ ၂၂ ရက်နေ့ တွင် Chequers villa ၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့ က villa ရှေ့ရှိ မြက်ခင်းပြင်တွင် အတူတကွ ချစ်ကြည်ရေး အထိမ်းအမှတ် သစ်ပင် စိုက်ခဲ့ကြကာ ရှီကျင့်ဖိန် က ယခု အကြိမ် ဗြိတိန် သို့ လာရောက်လည်ပတ် ခဲ့ရာတွင် အောင်မြင်မှု များစွာရရှိခဲ့ပြီး ၄င်း အနေဖြင့် တရုတ်-ဗြိတိန်  နှစ်နိုင်ငံ ဆက်ဆံရေး ၏ ရွှေခေတ်ကာလ ရောက်ရှိတော့မည် ကို အပြည့်အဝ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။