18
Sun, Nov
0 New Articles

အန်တယ်ရာ၊ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

BRICS နိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံဈေးကွက်အတွင်း ယုံကြည်မှု ခိုင်မာစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ပူးတွဲ စီမံခန့်ခွဲနိုင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြော သည်။

အန်တယ်ရာ၊ နိုဝင်ဘာလ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင်တို့သည် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမို ကျယ်ပြန့် ကောင်းမွန်လာစေရန် ၄င်းတို့၏ ကတိကဝတ်များအား နိုဝင်ဘာလ ၁၅ ရက်နေ့က ထပ်လောင်း အတည်ပြု ခဲ့ကြောင်း သိရှိရသည်။

အန်တယ်ရာ ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား G-20 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၅ ရက်နေ့ တွင် တူရကီ နိုင်ငံ အန်တယ်ရာ မြို့၌ စတင် ကျင်းပ ခဲ့သည့် ၁၀ ကြိမ်မြောက် G-20 အစည်းအဝေးကို တက်ရောက် ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေး အခြေအနေ ၊ အပြန်အလှန် နားလည်မှု တိုးပွား လာခြင်း ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး စနစ် ပြုပြင်ပြောင်းလဲရေး ၊ ကုန်သွယ်ရေး ၊ စွမ်းအင် နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စသည့် အကြောင်းအရာ များကို ဆွေးနွေး ခဲ့ကြသည်။

အန်ကာရာ ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တူရကီ နိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် ( Recep Tayyip Erdoğan) နှင့် တူရကီ နိုင်ငံ အန်ကာရာ (Ankara) မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် ၂ နာရီ ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ နိုဝင်ဘာလ ၁၄ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၄ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ အပေါ် ပြင်းထန်စွာ ရှုံ့ချပါကြောင်း နိုဝင်ဘာလ ၁၄ရက်နေ့တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ နိုဝင်ဘာလ ၁၄ရက် (ဆင်ဟွာ)

တရုတ် အစိုးရ နှင့် လာအို အစိုးရတို့သည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဒေသတွင်း ကြီးပွားတိုးတက်မှုအား အရှိန်မြှင့်တင်ရန်အတွက် နယ်စပ်ဖြတ်ကျော် ရထားလမ်းတည်ဆောက်ရန် နိုဝင်ဘာလ ၁၃ရက်နေ့က သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ပေကျင်း ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် အထူးလေယာဉ် ဖြင့် တူရဂီ နိုင်ငံ တွင် ကျင်းပ မည့် G-20 အစည်းအဝေး နှင့် ဖိလစ်ပိုင် နိုင်ငံ တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး (APEC) ကို တက်ရောက်ရန် ပေကျင်း မြို့မှ စတင် ထွက်ခွာ သွားခဲ့သည်။

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဆိုက်ဘာ ပြစ်မှုများ တိုက်ဖျက်ရေး လုပ်ထုံး လုပ်နည်းများ အဆင့်မြင့် ပူးတွဲ ဆွေးနွေးရန် အတွက် ပြင်ဆင်ရန် တရုတ်နှင့် အမေရိကန် အကြီးတန်း အရာရှိများ နိုဝင်ဘာလ ၁၂ ရက်နေ့က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး  ဆိုက်ဘာ ပူးပေါင်း ဆောင်ရွက်မှု နောက်ထပ် တက်လှမ်းနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

နန်နင်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ ပူးပေါင်း ပြုလုပ်သည့် သုံးလကြာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက် အတွင်း မူးယစ်ဆေးဝါး ၁.၈ တန်နီးပါး နှင့် သံသယရှိသူ ၉၉၀ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရဲတပ်ဖွဲ့ မှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကူမင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာလ ၁၁ ရက်က တရုတ် နိုင်ငံ ယူနန် ပြည်နယ်တွင် ပြုလုပ်မည့် လျန်ချန်း-မဲခေါင် ဒေသ ပူးပေါင်း ဆောင်ရွက်မှု ပထမ အကြိမ် နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် မြန်မာနိုင်ငံ ခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ ခဲ့သည်။