18
Sun, Nov
0 New Articles

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗြိတိန်နိုင်ငံ ဘုရင်မ အဲလိဇဘတ် ၂ ၏ ဖိတ်ကြားချက်ဖြင့် ဗြိတိန် နိုင်ငံ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးစဉ် သွားရောက်ရန် ယနေ့ (တနင်္လာနေ့) နေ့လည်ပိုင်းတွင် ပေကျင်းမြို့မှ စတင် ထွက်ခွာ သွားကြောင်း သိရသည်။

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် ဗြိတိန် နိုင်ငံ မှ Elizabeth II ဘုရင်မ ၏ ဖိတ်ကြားမှု အရ အောက်တိုဘာ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ ဗြိတိန် နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ပြီး ဤသည်မှာ တရုတ် နိုင်ငံ မှ နိုင်ငံတော် ခေါင်းဆောင် တစ်ဦး အနေဖြင့် ဆယ်စုနှစ် တစ်ခု အတွင်း ပထမ ဆုံး အကြိမ် ဗြိတိန် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။ ယခု ခရီးစဉ် မှ နှစ်နိုင်ငံ အနေဖြင့် တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အား ရွှေခေတ်ကာလ သို့ ရောက်ရှိအောင် ဆောင်ရွက် နိုင်ရန် မျှော်လင့် ထားကြသည်။

ပေကျင်း ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး “ရှန်းဆန်း ဖိုရမ်” အား အောက်တိုဘာ ၁၇ ရက်နေ့တွင် ပေကျင်းမြို့၌ စတင် ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၉ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အရာရှိများ ၊ လေ့လာရေး သမားများ နှင့် ပညာရှင်များ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး အာရှ-ပစိဖိတ် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု များကို ဆွေးနွေး ခဲ့ကြသည်။

တိုကျို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီက နန်ကျင်း လူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး မှတ်တမ်းကို ယူနက်စကို က ကမ္ဘာ့အောက်မေ့ဖွယ် အဖြစ် ထည့်သွင်းခြင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးနှင့် အရှေ့နှင့် တောင်တရုတ် ပင်လယ်အရေး တို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက် စည်းမျဉ်း စည်းကမ်းများအား တရုတ်-ဂျပန် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲ၌ အသေးစိတ် တင်ပြခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ အာရှရေးရာဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ခုံရွှမ်ယို့ က အောက်တိုဘာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဗြိတိန်နိုင်ငံသို့လာရောက်မည့် အလည်အပတ် ခရီးစဉ်အတွင်း ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ တိုးတက် ဆောင်ရွက်မှုများ ပြုလုပ်နိုင်မည်ဟု ခန့်မှန်းကြသည်။ အဆိုပါ ဆောင်ရွက်မှုများတွင် စွမ်းအင်၊ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်း၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးဝါးကုသမှု နှင့် မော်တော်ကား ဆိုင်ရာ ကိစ္စရပ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

တိုကျို ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ သည် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဂျပန် အစိုးရ ၏ ဖိတ်ကြားမှု အရ ဂျပန် နိုင်ငံ အမျိုးသား လုံခြုံရေး ဌာန ဌာနမှူး Shotaro Yachi  သဘာပတိ အဖြစ် ဆောင်ရွက် သည့် ဒုတိယ အကြိမ်မြောက် တရုတ်-ဂျပန် နိုင်ငံရေး ဆွေးနွေး ပွဲအား တက်ရောက် ခဲ့သည်။

ဟိုနိုလူလူ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် လေ့ကျင့်ရေး သင်္ဘော ကျန့်ဟဲ (Zhenghe) အမေရိကန် နိုင်ငံသို့ လေးရက်တာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် အောက်တိုဘာလ ၁၂ ရက်တွင် ဟာဝိုင်ယီကျွန်းရှိ ပုလဲ ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်။