24
Mon, Sep
0 New Articles

ကိုင်ရို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော် အဆင့် ချစ်ကြည်ရေး ခရီး၏ ဒုတိယမြောက် ခရီးစဉ်အဖြစ် အီဂျစ် နိုင်ငံသို့ ဇန်နဝါရီလ ၂၀ ရက်က ရောက်ရှိခဲ့သည်။

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ပြီး စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများတွင် ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဇန်နဝါရီလ ၁၉ ရက်က သဘောတူခဲ့သည်။

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေစဉ် အတွင်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) အထွေထွေ အတွင်းရေးမှူး Iyad Ameen Madani နှင့် ဇန်နဝါရီလ ၁၉ရက်နေ့က တွေ့ဆုံခဲ့ပြီး ဒေသတွင်း အရေးကိစ္စများအပါအဝင် ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များ အားဆွေးနွေးခဲ့ကြောင်း သိရသည်။

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရပ် ပင်လယ် ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (GCC) အထွေထွေ အတွင်းရေးမှူး အဗ္ဗဒ္ဒူ လာတိဖ် ဗင် ရာရှစ် အယ်လ် ဇာယန်နီ နှင့်တွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် နှစ်နိုင်ငံ ဆွေးနွေး သဘောတူညီခဲ့ကြောင်း သိရသည်။

ရီရာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အရှေ့အလယ်ပိုင်း ခရီးစဉ် ၏ ပထမဆုံးရက် ဖြစ်သည့် ဇန်နဝါရီလ ၁၉ ရက်ကို ဆော်ဒီအာရေဗျနိုင်ငံ နှင့် ဒေသတွင်း ခေါင်းဆောင်များ နှင့် ကျယ်ပြန့်သော အထွေထွေ သဘော တူညီချက်များ အား ဆွေးနွေးကာ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ခြင်းဖြင့် စတင် ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အီရန်နိုင်ငံ များသို့ ချစ်ကြည်ရေး ခရီးစဉ်စတင်ရန် ဇန်နဝါရီလ ၁၉ ရက်နေ့ တွင် ပေကျင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ချောင်ရှ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် တွင် လူခြောက်ယောက်အား သုံးရက်အတွင်း သတ်ခဲ့သည့် လူသတ်သမားအား ဇန်နဝါရီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လက်ထပ်မှတ်ပုံတင်သည့်နေရာ၌ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ လမ်းညွှန်မှု ရုံးကို ဖွင့်လှစ် မည် ဖြစ်ကြောင်း ပြည်သူ့ရေးရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ အကြောင်းကို အလေး ထားပြီး ၂၀၁၆ နှစ်သစ် နှုတ်ခွန်းဆက် စကားအဖြစ် သမ္မတရှီက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က မိန့်ခွန်း ပြောကြားခဲ့သည်။

ပေကျင်း၊ဒီဇင်ဘာလ ၂၇ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်သီး ဥပဒေရေးဆွဲသူများသည် ရှေးရိုးစွဲ အလေ့အထများအောက်၌ လူမသိသူမသိ အကြမ်းဖက် အနိုင်ကျင့် ခံနေရသူ များအား တရားဝင် ကာကွယ်ပေးနိုင်မည့် နိုင်ငံ၏ ပထမဆုံးသော အိမ်တွင်း အကြမ်းဖက်မှု ဆန့်ကျင်သည့် ဥပဒေကြမ်း အား ဒီဇင်ဘာလ ၁၇ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။