25
Mon, Jun
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

တရုတ်နိုင်ငံသို့ ဆင်စွယ်ပစ္စည်းမှောင်ခိုသွင်းသူ ရုရှားအမျိုးသား တစ်ဦးအား ဖမ်းဆီး

တရားမဝင် မှောင်ခို တင်သွင်းလာသည့် ဆင်စွယ် များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-Internet) Politics, Law & Military

ဟာဘင်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းသို့ ဆင်စွယ် ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ မှောင်ခိုသွင်းရန် ကြိုးစားသူ ရုရှား အမျိုးသား တစ်ဦးအား ဖမ်းမိခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ် တရုတ်-ရုရှား နယ်စပ်မြို့ဖြစ်သည့် Suifenhe မြို့ရှိအကောက်ခွန် ဌာန က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောကြား ခဲ့သည်။

Suifenhe အကောက်ခွန် ဝန်ထမ်းများသည် အလေးချိန် ၃၉.၁၁ ကီလိုဂရမ် (၈၆.၂၂ပေါင်ခန့်) ရှိသည့် ဆင်စွယ် ပစ္စည်းများအား ၄င်းအမျိုးသား၏ ခရီးဆောင်အိတ် အတွင်းမှ သိမ်းဆည်းရရှိခဲ့ကြောင်း နှင့် ၄င်း သည် ဇန်နဝါရ်ီလ ၃၀ရက်နေ့တွင် Suifenhe မြို့ရှိ ဆိပ်ကမ်းတစ်ခု မှ တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများတွင် ဆင်စွယ် လက်ကောက် ၂၈၇ ကွင်း၊ ဆင်စွယ်အိုး ၇၆ လုံး၊ ဆင်စွယ်ပုတီး ၂၂ ကုံး နှင့် ဆင်စွယ် တံဆိပ်တုံး ၂၆ တုံးတို့ ပါဝင်ကာ ကာလတန်ဖိုးအနေဖြင့် တရုတ်ယွမ်၁.၆ သန်း ( အမေရိကန်ဒေါ်လာ ၂၄၄,၂၇၀ဒေါ်လာ) ရှိကြောင်း အကောက်ခွန်ဌာန ၏ပြောကြားချက်အရ သိရသည်။

ယခု အခါ စုံစမ်းစစ်ဆေးမှု များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု အား ထိန်းချုပ်မှု ပိုမို ပြုလုပ်ခဲ့ပြီး ယင်းသို့ တရားမဝင် ဆင်စွယ် ရောင်းဝယ်ဖောက်ကားသူများသည် အနည်းဆုံး ထောင်ဒဏ် ခြောက်လ မှ တစ်သက်တစ်ကျွန်း အထိ ပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)