24
Mon, Sep
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

တရုတ်နိုင်ငံ ဒုတိယ သမ္မတ နှင့် ဗြိတိန် လွှတ်တော်အမတ် တွေ့ဆုံ

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) နှင့် ဗြိတိန်နိုင်ငံ အထက်လွှတ်တော်အမတ် Charles Powellတို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) သည် ဇန်နဝါရီလ ၂၇ ရက်က ဗြိတိန်နိုင်ငံ အထက်လွှတ်တော် အမတ် Charles Powell နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လီက တရုတ်-ဗြိတိန် ဆက်ဆံရေးသည် ယခုနှစ်အတွင်း ပိုမိုတိုးတက် ဖွံ့ဖြိုးရန် တာစူနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် ဗြိတိန်နိုင်ငံသို့ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အလည်အပတ် ခရီးစဉ် ဖြင့် ယခုနှစ် ၏ ရွှေရောင် လွှမ်းသည့် ဆက်ဆံရေးသစ်များ ကို စတင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ၂၁ ရာစုတွင် ၄င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအား ပိုမို ရှေ့ဆက် မြှင့်တင်နိုင်ရန် ဗြိတိန်နိုင်ငံ ၏ အခြေခံ အဆောက်အအုံ များအား အဆင့်မြှင့်တင်ခြင်းနှင့် နျူကလီးယား စွမ်းအင်၊ ငွေကြေးကဏ္ဍ နှင့် မြန်နှုန်းမြင့် ရထား စသည့် နယ်ပယ်များတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် တို့နှင့် အတူ တရုတ်နိုင်ငံ ၏ ပိုးလမ်းမကြီး အစပျိုးမှု တွင် ပေါင်းစပ် ပါဝင် သင့်ကြောင်း ပြောကြားခဲ့သည်။

Powell ကဆက်၍ ဗြိတိန်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် တရုတ်နိုင်ငံ နှင့် လက်တွဲ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။  (Xinhua)