25
Fri, May
0 New Articles

ဟာဘင်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းသို့ ဆင်စွယ် ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ မှောင်ခိုသွင်းရန် ကြိုးစားသူ ရုရှား အမျိုးသား တစ်ဦးအား ဖမ်းမိခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ် တရုတ်-ရုရှား နယ်စပ်မြို့ဖြစ်သည့် Suifenhe မြို့ရှိအကောက်ခွန် ဌာန က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောကြား ခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) သည် ဇန်နဝါရီလ ၂၇ ရက်က ဗြိတိန်နိုင်ငံ အထက်လွှတ်တော် အမတ် Charles Powell နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျာကာတာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်သင်္ဘော အုပ်စု အမှတ် ၁၅၂ သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂၄ ရက်က ရောက်ရှိလာခဲ့ပြီး ၄င်းသင်္ဘော အုပ်စု၏ ကမ္ဘာပတ် ခရီးစဉ်တွင် နောက်ဆုံး ဆိုက်ကပ်ရာမြို့ ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အီရန်များသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက် ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက် အစောပိုင်းက တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။

တီဟီရန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီရန်နိုင်ငံ အကြီးအကဲခေါင်းဆောင် အယတ်တိုလာ အလီ ခါမန်နီ (Ayatollah Ali Khamenei) တို့ တွေ့ဆုံခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးများအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး ကတိပြုခဲ့ကြောင်း သိရသည်။

တီဟီရန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းတွင် အီရန်နိုင်ငံသို့ရောက်ရှိခဲ့ကြောင်း နှင့် ယခု ခရီးစဉ်သည် နှစ်နိုင်ငံကြား စီးပွားရေး ညှိနှိုင်း ဆွေးနွေးမှု နှင့် ချစ်ကြည်ရင်းနှီးမှု အစဉ်အလာများ ပိုမို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အာရပ်ကမ္ဘာ အား ၄င်း၏ အရေးကိစ္စ ပြဿနာများကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်ရန် ကူညီ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်က အာရပ် အဖွဲ့ချုပ် (AL) အထွေထွေ အတွင်းရေးမှူး Nabil al-Arabi နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း သိရသည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံမှ ဆင်ဟွာ သတင်း အေဂျင်စီနှင့် အီဂျစ်နိုင်ငံမှ State Information Service (SIS) တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ဇန်နဝါရီလ ၂၁ ရက်က လက်မှတ် ရေးထိုး ခဲ့သည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဌာန ဦးဆောင်လာသည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကိုင်ရိုရှိ အီဂျစ် ကုမ္ပဏီတို့အကြား စုစုပေါင်း စာချုပ် တန်ဖိုး အမေရိကန် ဒေါ်လာ ၆၀.၄ သန်းရှိသည့် သဘောတူစာချုပ် ၁၂ ခုအား ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်အစိုးရသည် အရည်အသွေး ပြည့်ဝသည့် စီးပွားရေး လုပ်ငန်းများအား အီဂျစ်နိုင်ငံ၏ စီမံကိန်းကြီးများတွင် ပါဝင် ဆောင်ရွက် ကြရန် အားပေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ကိုင်ရိုမြို့လယ်ရှိ ဟိုတယ် တစ်ခုတွင် ဇန်နဝါရီလ ၂၀ ရက်က အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Sherif Ismail နှင့် တွေ့ဆုံစဉ် မှတ်ချက်ပေး ပြောကြား ခဲ့ကြောင်း သိရသည်။