19
Fri, Oct
0 New Articles

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း လေထု အရည်အသွေး တိုးတက်ရန်အတွက် ယွမ် ၁၆.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံ) သုံးစွဲရန် လျာထားကြောင်း တရုတ် သဘာဝပတ်ဝန်းကျင် အာဏာပိုင် များက ပြောသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သည် ယခင် နှစ်များထက် အအေးလွန်ကဲမှု ကြောင့် ပြည်နယ် အများစု ရှိ လေကြောင်းလိုင်းများ နှင့် အဝေးပြေးလမ်းများ အား ယာယီ ပိတ်ထားရကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အခြားနိုင်ငံများထက် ဘူမိအမွေအနှစ်ဇုန် အများဆုံး တည်ရှိရာနိုင်ငံ ဖြစ်လာကြောင်း ဇန်နဝါရီလ ၁၃ ရက်က တရုတ်အစိုးရ အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ရက် (ဆင်ဟွာ)

သက်တမ်းအားဖြင့် နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး နှစ်ကြိမ်တိုင် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် ရန်ကုန်မြို  မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ မင်္ဂလာဈေးကြီးအား အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ဇန်န၀ါရီ ၁၁ ရက်တွင် ဈေးသူဈေးသားများနှင့် တွေ့ ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း နောက်ဆုံးပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှု အဖြစ် လေထု ညစ်ညမ်းမှု ထုတ်လွှတ်သည့် လုပ်ငန်းငယ်ပေါင်း ၂,၅၀၀ ကို လုပ်ငန်း ပိတ်သိမ်းမည် ဖြစ်ကြောင်း ပေကျင်း စည်ပင်သာယာ အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ပန်ဒါကြီးမျိုး ၄၂၂ ကောင်ကို ထိန်းသိမ်း စောင့်ရှောက် ခဲ့သည်မှာ ယခုအထိ အသက်ရှင် ကျန်ရစ်နှုန်း ၈၈ ရာခိုင်နှုန်း ရှိကြောင်း နိုင်ငံပိုင် သစ်တောရေးရာ စီမံခန့်ခွဲရေး (SFA) က ဇန်နဝါရီလ ၇ ရက် နေ့တွင် ပြောကြားခဲ့သည်။

ကျီးနန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျောက်သလင်း (Gypsum) မိုင်းတွင်း တစ်ခု ဒီဇင်ဘာလ ၂၅ ရက် ပြိုကျမှုကြောင့် လူ ၂၉ ဦး ပိတ်မိနေခဲ့ရာ ၁၁ ဦးကို ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းအထိ ကယ်တင်ပြီး ဖြစ်ကြောင်း ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့သည်။

ရှန်းကျန့်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

လူဦးရေ ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရသည့် တရုတ်နိုင်ငံ တောင်ပိုင်း ရှန်းကျန့်မြို့ လုပ်ငန်းခွင်၌ ဖြစ်ပွားခဲ့ သော မတော်တဆမှုသည် သဘာဝ ပထဝီမြေ အနေအထားကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း တရုတ် နိုင်ငံ အစိုးရ စုံစမ်း စစ်ဆေးရေး အဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန်းကျန့်မြို့ရှိ စက်မှုဇုန်တွင် ဒီဇင်ဘာလ ၂၀ ရက်ညပိုင်းက အကြီး အကျယ် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နောက် အရေးပေါ်ကယ်ဆယ်ရေး ကြိုးစား လုပ်ကိုင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့က ညွှန်ကြားထားကြောင်း သိရသည်။

ရှန်းကျန့်၊ ဒီဇင်ဘာလ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန်းကျန့် မြို့ရှိ စက်မှုဇုန် ၌ ဒီဇင်ဘာလ ၂၀ ရက် နေ့ ည ၁၁ နာရီ တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ပျောက်ဆုံးသူ ဦးရေသည် ဒီဇင်ဘာလ ၂၁ ရက်နေ့ အစောပိုင်းတွင် ၉၁ ဦး အထိ ရောက်ရှိလာကြောင်း ဒေသခံ အာဏာပိုင်များ ၏ ပြောကြားချက်အရ သိရသည်။

Page 1 of 2