25
Mon, Jun
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တရုတ် ဒုတိယ သမ္မတ တက်ရောက်မည်

ကမ္ဘာ့ စီးပွားရေးဖိုရမ်၏ ၄၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည် (ဓာတ်ပုံ- အင်တာနက်) Economy

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီ ယွမ်ချောင်သည် ဇန်နဝါရီလ ၂၀ ရက်မှ ၂၂ ရက် အထိပြုလုပ်မည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ် (WEF) ၏ ၄၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၈ ရက်က ပြောကြားလိုက်သည်။

WEF တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ ကလောက် ချဝပ် (Klaus Schwab) ၏ ဖိတ်ကြားမှုကြောင့် အစည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟုန်လဲ့က ပြောသည်။

အဆိုပါ ဖိုရမ်အား “စတုတ္ထ စက်မှုတော်လှန်ရေးအား ထိန်းသိမ်းခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ဇန်နဝါရီလ ၂၀ ရက်မှ ၂၃ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်-ကလိုစတားမြို့၌ ပြုလုပ်မည် ဖြစ်သည်။  ဖိုရမ်သို့ နိုင်ငံ့ အကြီးအကဲများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များ နှင့် အဆင်မြင့်အရာရှိများ အပါအဝင် လူပေါင်း ၄၀ ကျော် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။  (Xinhua)