19
Fri, Oct
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

တရုတ်နိုင်ငံ သည် ၂၀၁၅ ခုနှစ်အတွင်း ဖွံ့ဖြိုးမှု အားနည်းနေသည့် နိုင်ငံအနောက်ပိုင်း ၌ တရုတ်ယွမ် ၇၆၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့

တရုတ်နိုင်ငံ အတွင်းရှိ ဆောက်လုပ်ရေး စီမံကိန်း တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ) Economy

ပေကျင်း၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သည် ၂၀၁၅ ခုနှစ် အတွင်း ၄င်း၏ ဖွံ့ဖြိုးမှု အားနည်းနေသည့် အနောက်ပိုင်းဒေသများ ၌ တရုတ်ယွမ် ၇၆၈.၇ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၁၈.၇ ဘီလီယံ ဝန်းကျင်) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်ခဲ့ကြောင်း အမျိုးသား တိုးတက်ဖွံ့ဖြိုးရေး နှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) က ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ကြေညာခဲ့သည်။

ယခုနှစ်အတွင်း စုစုပေါင်း အဓိက စီမံကိန်း အခု ၃၀ အား တရုတ်နိုင်ငံ အနောက်ပိုင်းတွင် စတင်နိုင်ခဲ့ကြောင်း NDRC ၏ ထုတ်ပြန်ချက်အရ သိရသည်။

အများအားဖြင့် အဆိုပါ စီမံကိန်းများသည် ရထားလမ်းများ၊ အဝေးပြေးလမ်းများ၊ ရေ စီမံကိန်းများ နှင့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ အစရှိသည့် အခြေခံ အဆောက်အအုံ လုပ်ငန်း များဖြစ်ကြောင်း သိရသည်။

၂၀၀၀ခုနှစ် မှ ၂၀၁၅ခုနှစ် အတွင်း တရုတ်ယွမ် ၅.၆ ထရီလီယံအား အဓိက စီမံကိန်းကြီး အခု၂၇၀ ၌ အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။  (Xinhua)