25
Fri, May
0 New Articles

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီ ယွမ်ချောင်သည် ဇန်နဝါရီလ ၂၀ ရက်မှ ၂၂ ရက် အထိပြုလုပ်မည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ် (WEF) ၏ ၄၆ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၈ ရက်က ပြောကြားလိုက်သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက် မိန့်ခွန်း ပြောကြားကြောင်း သိရသည်။

ရှမန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

Apple company သည် ၂၀၁၆ခုနှစ်၏ ဇန်နဝါရီလအတွင်း ၄င်း၏ ဈေးကွက်အား လျင်မြန်စွာ ချဲ့ထွင်နိုင်ရန်အတွက် တရုတ်နိုင်ငံတွင် အရောင်းဆိုင်၅ ဆိုင် ထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိ Yang Shaolin သည် ကမ္ဘာ့ဘဏ်အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ အရာရှိချုပ် နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရကြောင်း ဇန်နဝါရီလ ၁၂ ရက်က ဘဏ္ဍာရေး ဝန်ကြီး ဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကွမ်ကျိုး၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း တုံးကွမ် မြို့ရှိ ဒေသခံ လူမှုဖူလုံရေး ထီစင်တာ က ထီပေါက်သော်လည်း သတ်မှတ်ထားသည့် နောက်ဆုံးရက် ကျော်လွန်သည့်တိုင် ထုတ်ယူခြင်းမရှိသော တရုတ်ယွမ် သန်း၂၀ ( အမေရိကန်ဒေါ်လာ ၃သန်း) တန်ဖိုးရှိ ဆုကြေး များအား လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှန်ဇန်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရှန်ဇန်းဆိပ်ကမ်း တောင်ဘက်ရှိ ကူးစက်ရောဂါ ကာကွယ်ရေး ဆိုင်ရာ စိစစ်ရေး လုပ်ငန်းစဉ်မှ ခွင့်ပြုမှုဖြင့် လာအိုနိုင်ငံမှ ဆန်များအား သင်္ဘောဖြင့် စတင် တရုတ်နိုင်ငံသို့ စတင် တင်သွင်းခွင့်ပြုလိုက်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ ထံမှ သိရသည်။

ပေကျင်း၊ ဇန်နဝါရီ  ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့သည် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ဖွင့်ပွဲ  လုပ်ဆောင်ချက်များ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၂၆ ဘီလီယံခန့် အထိ ရှိကာ စံချိန် တင်ခဲ့ကြောင်း တရားဝင် အချက်အလက် သစ်များအရ သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း နှင့် ပေါင်တင့် မြို့တို့ကို ဆက်သွယ် ပေးထား သော ရထားလမ်းသစ် ၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ပြေးဆွဲမှု ပြုလုပ်ခဲ့ပြီး မူလ ကြာချိန် ၂ နာရီခွဲ မှ တစ်နာရီ အထိ လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာ ငွေကြေးစနစ်အား အား ပြီးပြည့်စုံစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အား ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပေကျင်း၌ တရားဝင် တည်ထောင်ခဲ့ပြီး လာမည့် ၂၀၁၆ နှစ်ဆန်းပိုင်း တွင် လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းကြောင်း သိရသည်။

Page 1 of 5