17
Thu, Jan
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မင် မင်းဆက်၏ ရှားပါးလှသော ဂူသင်္ချိုင်းအား နံရံဆေးရေး ပန်းချီများနှင့် အတူ တူးဖော်တွေ့ရှိ

မင် မင်းဆက်၏ ဆေးရေး ပန်းချီကား တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Wikipedia) Culture & Entertainment

ကျိနန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရှေးဟောင်း သုတေသန ပညာရှင်များသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်း ပြည်နယ်တွင် နှစ်ပေါင်း ၅၀၀ ခန့် ကာလက ဂူသင်္ချိုင်းအား ရှားပါးလှသည့် ဆေးရောင်စုံ နံရံဆေးရေးပန်းချီ များ နှင့် အတူ တူးဖော် တွေ့ရှိရကြောင်း သိရသည်။

ရှေးဟောင်း သုတေသန ဆိုင်ရာ ပြည်နယ်အဖွဲ့ မှ ဝမ်းကျီမုန့် က မင် မင်းဆက် အလယ် နှင့် နှောင်းပိုင်း (၁၃၆၈-၁၆၄၄) အတွင်းရှိ ဂူသင်္ချိုင်း အား ချန်းသရန် ဒေသ ရှိ ကျီပေါင်း မြို့တွင် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂူသင်္ချိုင်း တွင် မြေမြှုပ် သင်္ဂြိုလ်သည့် အခန်း သုံးခန်း ပါဝင်ပြီး လူများ၊ နဂါးများ၊ မီးငှက်များ နှင့် ပန်းပွင့် များအား ပုံဖော် ရေးဆွဲ ထားသည့် အထူး ကောင်းမွန်သော နံရံ ဆေးရေး ပန်းချီများအား တွေ့ရကြောင်း သိရသည်။

နံရံဆေးရေး ပန်းချီများ ပါဝင်သည့် မင် မင်းဆက် ဂူသင်္ချိုင်း အား တူးဖော်တွေ့ရှိရန် ခက်ခဲပြီး ယခု ရှာဖွေ တွေ့ရှိမှုသည် ကျီပေါင်း ဧရိယာတွင် ပထမဆုံး ဖြစ်ကြောင်း သိရသည်။ဝမ်းမှ ယင်း ဂူသင်္ချိုင်းသည် မင် မင်းဆက် အတွင်း ဈာပနနှင့် ဆိုင်သော ဝတ်စုံများ အကြောင်းကို လေ့လာရာတွင် အလွန် အသုံးဝင်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)