25
Fri, May
0 New Articles

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ယခု နှစ်ဆန်းပိုင်းကမှ အကောင်အထည်ဖော် စတင်ခဲ့သည့် Circuit Breaker လုပ်ထုံး လုပ်နည်း စနစ်အား ဆိုင်းငံ့ လိုက်ကြောင်း ဇန်နဝါရီလ ၇ ရက် ညပိုင်းက တရုတ်နိုင်ငံက ကြေညာလိုက်သည်ဟု သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန် စတော့ အိတ်ချိန်းအား အကြောင်းပြု၍ လိမ်လည်မှုများအား ကာကွယ်နိုင်ရန် ဥပဒေပိုင်းများတွင် ကာကွယ်နိုင်မှုများအား ထည့်သွင်း လုပ်ဆောင်ထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မကြာမီ စတင်လုပ် ဆောင်တော့မည့် စတော့ရှယ်ယာ ဈေးကွက်အတွက် စတော့ အိတ်ချိန်း နှင့် ပတ်သက် သည့် ဗဟုသုတ ရရှိစေရန်နှင့် ပညာရပ်ပိုင်း ဆိုင်ရာများ သင်ကြားနိုင်ရန် Security and Exchange Committee အသိအမှတ်ပြု ပညာပေး သင်တန်းများကို ဖွင့်လှစ်လိုပါက ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ၌ အတည်ပြု လျှောက်ထားရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံး စတော့ အိတ်ချိန်း ဖြစ်သည့် ရန်ကုန်စတော့ အိတ်ချိန်း Yangon Stock Exchange (YSX) ကို ဖွင့်လှစ်ပြီး ရှယ်ယာ ထုတ်ရောင်းရန် အတွက် လတ်တလော အများပိုင် ကုမ္ပဏီ ၆ ခု ဖွင့်လှစ် ခွင့်ပြုထားကြောင်း စတော့ အိတ်ချိန်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

စတော့ခ်ဈေးကွက် အတွင်း ကြီးမားသော ပြောင်းလဲမှုများကို ထိန်းချုပ်ရန် ဆားကစ်ဘရိတ်ကာ လုပ်ထုံးလုပ်နည်း အစီအစဉ် အား ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာ လိုက်ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ငွေချေး သက်သေခံ လက်မှတ်များ ရောင်းချမည့် စတော့ အိတ်ချိန်း ဝန်ဆောင်မှု ကုမ္ပဏီများကို ဒီဇင်ဘာလ ၉ ရက်တွင် စတင် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ငွေချေး သက်သေခံ လက်မှတ် ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။