25
Mon, Jun
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

မော်တော်ယာဉ်များအပေါ် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ၅၁ လတာကာလအတွင်း အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် (CD) ငွေကျပ် ၇၁၈,၀၇၁ .၄၇ သန်း ရရှိ

ရန်ကုန်မြို့တွင်းရှိ ပြည်ပမှ တင်သွင်းထားသော မော်တော်ယာဉ် အချို့အားတွေ့ရစဉ် (ဆင်ဟွာ) Local

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အကောက်ခွန်ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ၅၁ လတာကာလအတွင်း  အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် (CD) ငွေကျပ် ၇၁၈,၀၇၁ .၄၇ သန်း ရရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ကုန်သွယ်လုပ်ငန်းခွန် (CT) ငွေကျပ် ၆၃၅,၉၃၀.၆၆ သန်း  နှင့် အကောက်ခွန် (CD) ငွေကျပ် ၇၁၈,၀၇၁ .၄၇ သန်း စုစုပေါင်း ၁,၃၅၄,၀၀၂.၁၃ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုးလဲလှယ်ရေးစီမံချက်အတွက် ၁၃၄,၆၅၇ စီး၊ သဘောင်္သားပါမစ်ဖြင့် တင်သွင်းမှုများအတွက်၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှုများအတွက် အစီးရေ ၇၃၀ ၊ ပြည်ပနေအလုပ်လုပ်ကိုင်သူများပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီး နှင့် လွတ်လပ်စွာ ဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၆၀,၆၆၅ စီးတို့ဖြစ်ကြောင်း သိရသည်။  (Xinhua)