25
Fri, May
0 New Articles
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
အကောက်ခွန် ဦးစီးဌာနမှ အခွန်အရပ်ရပ် စည်းကြပ် တွက်ချက်မှု အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နေ့စဉ် နိုင်ငံခြား ငွေလဲလှယ်နှုန်း အစား အပတ်စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ်၍ ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြစ်ကမ်း၊ အနောက်ကြို့ကုန်း နယ်မြေတွင် ငါးဖမ်း ရေယာဉ်များ ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး ရေချို၊ ရေငန် ငါးကုန်များ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနိုင်မည့်  ကြို့ကုန်း ငါးတင်/ချ ဆိပ်ခံတံတားနှင့် ငါးလေလံဈေး ဖွင့်ပွဲကို ဇန်နဝါရီလ ၃၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၊ လက်ရှိတွင် ရောင်းချ လည်ပတ်နေပြီ ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနရုံး(ရန်ကုန်) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ငါးနှစ် အတွင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၌ ထီဆုငွေ လာရောက် မထုတ်ယူသည့် ဆုငွေ အရေအတွက်မှာ နှစ်စဉ် ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ဝန်းကျင်ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့  အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်အများစု၏ လက်လီ ဈေးနှုန်း ကျဆင်းမှု မရှိသေးကြောင်း တွေ့ ရှိရသဖြင့် ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်း အထိ ထပ်မံ ဆက်လက် ကျဆင်းစေရေး လိုအပ်သလို စီမံ ကြီးကြပ် ဆောင်ရွက်နိုင်ရန် စွမ်းအင် ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့် ဖြူးရေး အသင်းသို့ အကြောင်းကြားထားကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
အကောက်ခွန်ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ၅၁ လတာကာလအတွင်း  အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် (CD) ငွေကျပ် ၇၁၈,၀၇၁ .၄၇ သန်း ရရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် မီးပုံးပျံ ခရီးသွားလုပ်ငန်းမှ  ၂၀၁၅ ခုနှစ်တွင် စီးနင်းသူ ၂၃၇၁၉ ဦး ရှိ၍ ဝင်ငွေ အမေရိကန် ဒေါ်လာ  ၆.၄၃ သန်းအထိ တိုးတက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
ယခုလအတွင်း  ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းပေါင်း ၁၇ ခုအား လုပ်ကိုင်ခွင့်ပြု လိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ရေနံ နှင့် သဘာဝဓာတ်ငွေ့ပြီးလျှင် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးသည့် အထည်ချုပ်လုပ်ငန်း အား  Smart Myanmar အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဒုတိယအဆင့်အနေဖြင့် ယူရို ၂.၈ သန်း ကူညီမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမြင့်စိုးက ဆင်ဟွာကိုပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
မြန်မာ- တရုတ် နယ်စပ် နှစ်နိုင်ငံ အကြား ရွှေလီ မြစ်ကမ်းဘေးတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတကာ အဆင့်မီ လမ်းလျှောက်ဈေးဖြစ်သည့် မင်္ဂလာမူဆယ် လမ်းလျှောက် ဈေးအား ယနေ့ ဇန်န၀ါရီ ၁၉ ရက်တွင်  (Soft Opening)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ-တရုတ် ကုန်စည်ပြပွဲ ဈေးရောင်းပွဲတော်များကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။