25
Fri, May
0 New Articles

ကွေ့ယန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အာရှတွင် အကြီးဆုံးသတ္တုသိုက် ဟု ယူဆရသည့်  မဂ္ဂနိစ် သတ္တုရိုင်း တန်ချိန် သန်းပေါင်း ၁၉၂ တန်ကျော်ရှိရာ နေရာတစ်ခု အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ယန်ပြည်နယ် တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၂ရက်နေ့က ကြေညာခဲ့သည်။

ကျိနန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တာယာ ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Sailun ကုမ္ပဏီ က ၄င်း၏ ရုံးခွဲသည် ဗီယက်နမ်နိုင်ငံ တွင် တာယာ ထုတ်လုပ်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရီတိုးရီးယား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံ ဖွံ့ဖြိုးဆဲ စီးပွားရေး အခြေအနေများ အကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆောင် ရွက်ရန် နည်းလမ်းများအား တရုတ်နှင့် တောင်အာဖရိက နှစ်နိုင်ငံ သမ္မတများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသုံး ငွေကြေး ယွမ်အား နိုင်ငံတကာ အရန်ငွေကြေး အဖြစ် SDR (Special Drawing Rights) basket အတွင်းသို့ ထည့်သွင်းရေး အတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ (International Monetary Fund= IMF) အမှုဆောင်အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဟဲဖေ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ အန်းဟွေး ပြည်နယ် ၌ မိုင်းတွင်း တစ်တွင်းတွင် ကျောက်မီးသွေး တန်ချိန် ၅ ဘီလီယံ နီးပါး အနယ်ကျ တည်ရှိ နေခြင်းကို ရှာဖွေ အတည်ပြုနိုင်ခဲ့ပြီး ၄င်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း၌ အကြီးဆုံး ကျောက်မီးသွေးတွင်း ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

စူးကျိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သည် ဟန်ဂေရီ နှင့် ဆားဘီးယား တို့၏ မြို့တော်များအား ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်ရေး နှင့် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆိုင်ရာ စာချုပ်အား ဟန်ဂေရီ ၊ ဆားဘီးယား တို့ နှင့် နိုဝင်ဘာလ ၂၄ ရက်နေ့က သီးခြားစီ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး Online Shopping တစ်ခုဖြစ်သည့် အလီဘာဘာအား တည်ထောင်သူ ဂျက်မား သည် South China Morning Post (SCMP) သတင်းစာ မှ အစုရှယ်ယာများ ဝယ်ယူရန် ညှိနှိုင်းလျက် ရှိကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှ Major Chinese news သို့ ပြောကြားခဲ့ကြောင်း သိရသည်။

ကျိနန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Shandong Sun Paper Industry Joint Stock Co.,Ltd. မှ အမေရိကန်ုင်ငံ အာကန်စာ့စ် ပြည်နယ် တွင် အမေရိကန် ဒေါ်လာ ၁.၃၆ ဘီလီယံ တန်ဖိုးရှိသည့် ပျော့ဖတ် စက်ရုံအား တည်ဆောက်ရန် အစီအစဉ် ရှိကြောင်း ကုမ္ပဏီမှ နိုဝင်ဘာလ ၂၃ ရက် စတော့ အိတ်ချိန်း ဖွင့်ပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

မနီလာ ၊ နိုဝင်ဘာ ၂၀ (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ခေါင်းဆောင် အစည်းအဝေး (APEC) ၂၃ ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာလ ၁၉ ရက်က ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့တွင် စတင်ကျင်းပ ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ “မိတ်ဆွေ ဆက်ဆံရေး ပုံစံအား တိုးမြှင့်၍ အတူတကွ ဖွံ့ဖြိုး တိုးတက်ရေး” ဟူသော အရေးပါသည့် မိန့်ခွန်း ပြောကြား ခဲ့သည်။

မနီလာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် နိုင်ငံများအတွင်း လွတ်လပ်သော ကုန်သွယ်ဒေသ တည်ထောင်မှု အရှိန် မြှင့်တင် သွားမည် ဖြစ်ကြောင်းနှင့် ဒေသ တွင်း ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များအား နှောင့်ယှက်မည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း အေပက် (APEC) အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်း ပြောကြားလိုက်သည်။

Page 1 of 3