25
Fri, May
0 New Articles

Strict Standards: Only variables should be assigned by reference in /home/yoolay/public_html/templates/ja_teline_v/html/com_content/article/default.php on line 27

မဲခေါင်စင်္ကြံလမ်းမကြီးပေါ်ရှိ မြန်မာနိုင်ငံမှ လမ်းပိုင်းများအဆင့်မြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ပံ့ပိုးကူညီမည်

GMS လမ်းစီမံကိန်း မြေပုံအားမြင်တွေ့ရစဉ်( ဓါတ်ပုံ- အင်တာနက်) Politics & Security

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲ(GMS) အရှေ့-အနောက် စင်္ကြံလမ်းမကြီး၏ မချိတ်ဆက် မိသောလမ်းပိုင်းဖြစ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ အိန္ဒုနှင့် ကော့ကရိတ်မြို့ များ အား ချိတ်ဆက်ပေးသော ၆၆. ၄ ကီလိုမီတာ ရှိ လမ်းပိုင်းတစ်ခုပြုပြင်မွမ်းမံရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁ဝဝအား အတည်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ယခု လမ်းမကြီး အဆင့်မြှင့်တင်မှုက မဟာမဲခေါင်ဒေသခွဲ (GMS) အရှေ့-အနောက် စင်္ကြံလမ်းမကြီး ၏ မြန်မာနိုင်ငံရှိလမ်းပိုင်းများအတွက် တိုးတက်မှုများဖြစ်စေ သလို နိုင်ငံတော်အတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လာ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည် ။ အဆိုပါ စီမံကိန်းမှာ GMS ၏ လမ်းကွန် ရက်စံချိန်စံနှုန်းများနှင့်အညီ ရှိရင်းစွဲနှစ်လမ်း သွားလမ်းမကြီးကို ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ယာဉ်ပိတ်ဆို့မှုလျော့နည်းစေရန်နှင့် လမ်းမကြီး အန္တရာယ် ပိုမိုကင်းစေရန် လမ်းပိုင်းအချို့အား ဦးတည်ချက်ပြောင်းမည်ဖြစ်ပြီး ရေကြီးရေလျှံမှုဖြစ် ပွားရာဒေသ များ၌ ရေမြောင်းများတည်ဆောက်ခြင်း အပါအဝင် ရာသီဥတုဒဏ်ခံလမ်းစနစ်များ ထည့်သွင်းပေါင်းစပ် မည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ကွန်ရက် မြှင့်တင်မှုတစ်ရပ် အဖြစ် ကျုံဒိုးမြစ်ဆိပ်ကမ်းသို့ ဝင်ရောက်ရာလမ်းမကြီး တစ်ခုကို ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

(GMS) အရှေ့-အနောက် စင်္ကြံလမ်းမကြီး၏ မြန်မာနိုင်ငံရှိ လမ်းပိုင်း များ ပြုပြင်မွမ်းမံမှုပြီးစီးပါက မော်လမြိုင်နှင့် ရန်ကုန်မြို့တော်အား ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့နှင့် ချိတ်ဆက်မည်ဖြစ်ပြီး၊  အဆိုပါ စီမံကိန်းနှင့်အတူ ထိုင်းနိုင်ငံနှင့်နယ်နိမိတ် ထိစပ်နေ သည့် ကော့ကရိတ်နှင့် မြဝတီကို ချိတ်ဆက်ပေးသော လမ်းမကြီးပြုပြင်မွမ်းမံရေး ထိုင်းအစိုးရက သီးခြားပံ့ပိုး ပေးလျက်ရှိသလို ရန်ကုန်- မော်လမြိုင်အဝေးပြေး လမ်းမကြီးနှင့် အိန္ဒုကြားလမ်းပိုင်းအား မြန်မာပုဂ္ဂလိ ကကုမ္ပဏီက (BOT) စနစ်ဖြင့် ပြန်လည်ပြုပြင် လျက်ရှိကြောင်း သိရသည်။  (Xinhua)