17
Fri, Aug
0 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်မည့် လုပ်သားများအနေဖြင့် ထိုင်းအေဂျင်စီများအား ဝန်ဆောင်ခအဖြစ်  ပေးချေရသော ဘတ် ၁၀,၀၀၀ ကို ပေးစရာမလိုတော့ဘဲ ဆေးစစ်ခ၊ အလုပ်သမား မှတ်ပုံတင် လျှောက်ခ နှင့် ဗီဇာ လျှောက်ထားခ တို့ကိုသာ ပေးဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အာဆီယံ သမိုင်းကြောင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် အာဆီယံ အသိုက်အဝန်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်နီဖာ အမန်း (Anifah Aman) က သတင်း ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားလိုက်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် ဒေသတွင်း ကုန်ပစ္စည်းများ အတုပြု လုပ်ခြင်းနှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း အတွက် အရေးယူ ဆောင်ရွက်ရန် ပိုးသတ်ဆေးများ၊ ဆေးဝါးများ၊ အလှကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်ယန္တရား အပိုပစ္စည်းများ စုစုပေါင်း (၅) မျိုးအား ရွေးချယ် သတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည် စက်မှုလက်မှု အသင်းချုပ်မှ ကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဆီယံ ပြည်သူ့ ဂုဏ်ပြုဆု (ASEAN People's Award) ကို မြန်မာနိုင်ငံ မှ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်ပ ရင်းနှီးမြှုပ်နှံသူ အရည်အချင်း သတ်မှတ်ချက် အစီအစဉ် (RMB Qualified Foreign Institutional Investors=RQFII) အရ မလေးရှားနိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု ပမာဏအား ယွမ် ၅၀ ဘီလီယံ အထိ ခွင့်ပြု လိုက်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က နိုဝင်ဘာ ၂၃ ရက်နေ့က ပြောကြား လိုက်သည်။

ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံနှင့် အတူတကွ တရုတ်-အာဆီယံ  လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင့်မှု နှင့် ပတ်သက်သော ဘက်စုံ ဆွေးနွေးမှု ရလဒ်နှင့် ပတ်သက်သည့် စာချုပ်နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံ နိုင်ငံများနှင့် ပြင်ဆင် ချုပ်ဆိုခဲ့သည့် တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင် လက်မှတ်ရေး ထိုးပွဲကို တက်ရောက် ခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ကောင်းဟူချိန် နှင့် အာဆီယံ ၁၀ နိုင်ငံမှ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီးတို့မှ အစိုးရ ကိုယ်စားလှယ် များအနေဖြင့် လက်မှတ်ရေး ထိုးခဲ့ကြသည်။

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အာဆီယံ နိုင်ငံ ခေါင်းဆောင်များသည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပထမဆုံး ဒေသတွင်း ဥပဒေ မူဘောင်အား  နိုဝင်ဘာလ ၂၁ ရက်က လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။

ကွာလာလမ်ဘူ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများ ( အာဆီယံ) အသင်း ထိပ်သီး ဆွေးနွေးပွဲကို နိုဝင်ဘာ လ ၂၁ ရက်နေ့တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့တွင် စတင်ကျင်းပ ခဲ့ပြီး အစည်းအဝေး တွင် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရန် နှင့် အနာဂတ် အာဆီယံ ၁၀ နှစ် စီမံကိန်း နှင့် ပတ်သက်၍ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အာဆီယံ စီးပွားရေး အသိုက်အဝန်း (ASEAN Economic Community=AEC) အကောင်အထည် ဖော်ခြင်းသည် ၉၂.၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) က ထုတ်ဖော် ပြောကြားလိုက်သည်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲ(GMS) အရှေ့-အနောက် စင်္ကြံလမ်းမကြီး၏ မချိတ်ဆက် မိသောလမ်းပိုင်းဖြစ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ အိန္ဒုနှင့် ကော့ကရိတ်မြို့ များ အား ချိတ်ဆက်ပေးသော ၆၆. ၄ ကီလိုမီတာ ရှိ လမ်းပိုင်းတစ်ခုပြုပြင်မွမ်းမံရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁ဝဝအား အတည်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

Page 1 of 2